Bank of Tokyo Mitsubishi UFJ(BTMU) က ဘဏ် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သမ ဝါယမ ဘဏ် လီမိတက် (CB Bank) နှင့် မဟာမိတ် ဖွဲ့သည့် နားလည်မှု စာချွန်လွှာ သဘောတူ လက်မှတ် ရေးထိုး ပွဲကို ယမန်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ CB Bank CEO ဦးကျော်လင်းက အဖွင့် အမှာ စကား ပြောကြားပြီး (BTMU) ၏ sia and Oceania CEO ဖြစ်သူ Mr.Takami Onodera က အမှာ စကား ပြော ကြား သည်။ ထို့ နောက် CB Bank CEO ဦးကျော်လင်းနှင့် Mr.Takami Onodera တို့သည် နားလည်မှု စာချွန် လွှာကို သဘောတူ လက်မှတ် ရေးထိုး ကြသည်။
စာချုပ် ချုပ်ဆိုပွဲ၏ ရည်ရွယ် ချက်မှာ ဂျပန်နိုင်ငံရှိ BTMU မြန်မာ နိုင်ငံရှိCB ဘဏ်ကို ဘဏ် လုပ်ငန်း နည်းပညာများ ဖွံ့ဖြိုး တိုးတက် စေရန် အတွက် နိုင်ငံ တကာ ဘဏ် သင်တန်း များ ပေးခြင်း၊ IT နည်းပညာများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွမ်းကျင် ပညာရှင်များ စေလွှတ်ပြီး ပူးပေါင်း လုပ်ကိုင် စေခြင်း၊ ဘဏ် သတင်း အချက် အလက်များ ဖ လှယ်ခြင်း၊ နိုင်ငံ တကာဘဏ်လုပ်ငန်းအား ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာ နိုင်ငံ ဘဏ်လုပ် ငန်း ဖွံ့ဖြိုး တိုးတက် ခြင်းကို ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သတင်း ရရှိ သည်။