From :
..bbc
မိထီလာမြို့မှာ မနေ့ည ၉ နာရီ နောက်ပိုင်းကစလို့ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်မှာ ဒီကနေ့ မတ် ၂၁ က စလို့ အခြေအနေတွေဟာ ငြိမ်သွားဖို့ ရှိတယ်၊ လူအုပ်နဲ့ အနိုင်ကျင့်လို့ ရမှာ မဟုတ်တော့ဘူးလို့ မိတ0x081ထီလာအမတ် ဦးဝင်းထိန်က ညဉ့်သန်းခေါင်ကျော်မှာပဲ ဘီဘီစီကို ပြောပါတယ်။
အခြေအနေတွေကို ပြေလည်အောင် ကြိုးစားရမယ်၊ မိတ0x081ထီလာမြို့ဟာ နဂိုကထဲက မြန်မာမူဆလင်တွေ အများကြီး နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး၊ အားလုံး ပြေပြေလည်လည် ရှိကြတယ်၊ အခုမှ ရုတ်တရက် ထဖြစ်တာပါလို့ သူက သုံးသပ်ပါတယ်။
ညတွင်းချင်းကို အနီးပတ်ဝန်းကျင် ရွာတွေက ကားတွေနဲ့ တုတ်တွေ၊ ဓားတွေ ဆွဲပြီး တက်လာကြလို့ တားဆီးခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။
တောကြောင်တွေလို့ခေါ်တဲ့ ပြဿနာပေါ်မှာ အမြတ်ထုတ်လိုသူတွေ ရှိတယ်၊ ပစ0x081စည်းတွေကို ဆိုင်ကယ်နဲ့ လာကဲ့တဲ့သူတွေတောင် ရှိတယ်လို့ သူက ဆိုပါတယ်။
အာဏာပိုင်တွေဟာ ဒီလိုကိစ0x081စတွေ မကြုံဘူးတော့ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်တာကို မလုပ်နိုင်ကြဘူး၊ ညမှောင်မိုက်တဲ့ အချိန်လည်း ဖြစ်၊ လူအုပ်ကလည်း ကြီးမားလွန်းတော့ ခပ်လှမ်းလှမ်းကသာ ထိန်းသိမ်း ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
မန0x081တလေးတိုင်း လုံခြုံရေးဝန်ကြီးကိုယ်တိုင် ဆင်းလို့ အခြေအနေတွေကို ကွပ်ကဲဆောင်ရွက်နေသလို တပ်ကို မသုံးဘဲ ရဲတပ်ဖွဲ့ အင်အားနဲ့သာ ထိန်းသိမ်း ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက်ပဲ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ တပ်အရာရှိဟောင်း တဦးလည်းဖြစ်တဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
မတ် ၂၀ မနက်ပိုင်းက မိတ0x081ထီလာမြို့ ရွှေဆိုင်တဆိုင်မှာ ရွှေလာရောင်းရာက နှစ်ဘက် အချေအတင်ဖြစ်ပြီး၊ ဆိုင်ရှင် မူဆလင်က ရွှေလာရောင်းတဲ့ ဇနီးမောင်နှံအနက် လင်ယောကျာ်းလုပ်သူကို ရိုက်နှက်ခဲ့ရာကနေ နောက်ဆက်တွဲ လူအုပ်နဲ့ ဆိုင်တွေ၊ အိမ်တွေ ဖျက်စီး၊ ဘာသာရေး ကျောင်းနဲ့ ဗလီတွေကို ဖျက်စီး၊ မီးရှို့တာတွေ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
.. www.MyanmarExpress.net