တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေတွင် လယ်ယာမြေ
ဆောင်းပါးရှင်များ၏ အကြံဥာဏ်ကို ရယူ၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့သွားမည်ဟု
ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ရန်ကုန်မြို့ရှိ UMFCCI တွင်
ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။
“မီဒီယာအခန်း ကဏ္ဍတွေ၊ ဂျာနယ်တွေမှာ လယ်ယာမြေ ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ဆောင်းပါးရှင်တွေဟာ တောင်သူလယ်သမားတွေ ကိုယ်စား တောင်သူလယ်သမား အခွင့်အရေးတွေကို တင်ပြပေးနေတဲ့အတွက် သူတို့ရဲ့ အကြံတွေကို ရယူသွားမှာပါ”ဟု ၎င်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် တောင်သူလယ်သမားနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများ၊ စက်မှုလက်မှု လုပ်ငန်းရှင်အသင်းဝင်များသည် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် ရေးဆွဲပြဌာန်းပေးရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေ့လည်တွင် ပြုလုပ်ခဲ့ကြသည်။
တောင်သူလယ်သမားများ အများဆုံးကြုံရလေ့ရှိသော ချေးငွေပြဿနာကို ဖြေရှင်းနိုင်ရန်၊ ဘဏ်များ၏ ချေးငွေထုတ်ပေးမှု အခန်းကဏ္ဍပိုမို ရရှိရန်၊ တောင်သူများ စိုက်ပျိုးစရိတ်ရှုံး ပြဿနာကို အစိုးရမှ ကာကွယ်ပေးရန်၊ တောင်သူလယ်သမားများ လွတ်လပ်စွာစိုက်ပျိုးခွင့်နှင့်
လွတ်လပ်စွာ ရောင်းချခွင့် ရရှိရန်တို့ကို အဆိုပါတောင်သူလယ်သမား အခွင့်အရေး
ကာကွယ်ပေးရေး ဥပဒေတွင် ထည့်သွင်း ပြဌာန်းပေးနိုင်ရန် အဓိကထား
ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက လွှတ်တော်တွင် ဥပဒေများ မည်မျှပြောင်းလဲစေကာမူ အများစုမှာ အစိုးရ အမိန့်ကြေငြာစာများဖြင့်သာ လည်ပတ်နေသောကြောင့် အမိန့်ကြေငြာစာများကို ပြန်လည်သုံးသပ်စေလိုကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ တောင်သူ လယ်သမားများသည် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများကို အများဆုံး ခံစားရလေ့ရှိကြောင်း၊ တောင်သူ လယ်သမားများသည် အစိုးရ၏ ထောက်ပံ့မှုကို အပြည့်အဝမရရှိကြောင်း တောင်သူလယ်သမားများနှင့် သက်ဆိုင်သော အသင်းအဖွဲ့များက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ဧရာဝတီတိုင်းတွင် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ်ခဲ့သော်လည်း အစိုးရ အဖွဲ့အနေဖြင့် လုံလောက်သော ထိရောက်သည့် ထောက်ပံ့ပေးမှု မရှိဘဲ ကျပ်တစ်သိန်းခွဲခန့် ကုန်ကျသော လယ်တစ်ဧကလျှင် ကျပ်ခြောက်ထောင်ခန့်သာ တန်ကြေးရှိသည့် မျိုးစပါးတစ်တင်းခန့်သာ ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက ထောက်ပြပြောကြားသည်။
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်က မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းသည် တစ်နိုင်ငံလုံး ဂျီဒီပီ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး လယ်ယာုတ်ကုန်သွင်းကုန်မှာ ပြည်ပတင်ပို့မှု နှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိကြော င်း ပြောကြားသည်။
မြန်မာ့ခေတ်
“မီဒီယာအခန်း ကဏ္ဍတွေ၊ ဂျာနယ်တွေမှာ လယ်ယာမြေ ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ဆောင်းပါးရှင်တွေဟာ တောင်သူလယ်သမားတွေ ကိုယ်စား တောင်သူလယ်သမား အခွင့်အရေးတွေကို တင်ပြပေးနေတဲ့အတွက် သူတို့ရဲ့ အကြံတွေကို ရယူသွားမှာပါ”ဟု ၎င်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် တောင်သူလယ်သမားနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများ၊ စက်မှုလက်မှု လုပ်ငန်းရှင်အသင်းဝင်များသည် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ပေးရေး ဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် ရေးဆွဲပြဌာန်းပေးရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေ့လည်တွင် ပြုလုပ်ခဲ့ကြသည်။
တောင်သူလယ်သမားများ အများဆုံးကြုံရလေ့ရှိသော ချေးငွေပြဿနာကို ဖြေရှင်းနိုင်ရန်၊ ဘဏ်များ၏ ချေးငွေထုတ်ပေးမှု အခန်းကဏ္ဍပိုမို ရရှိရန်၊ တောင်သူများ စိုက်ပျိုးစရိတ်ရှုံး ပြဿနာကို အစိုးရမှ ကာကွယ်ပေးရန်၊ တောင်သူလယ်သမားများ လွတ်လပ်စွာစိုက်ပျိုးခွင့်နှင့်
မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက လွှတ်တော်တွင် ဥပဒေများ မည်မျှပြောင်းလဲစေကာမူ အများစုမှာ အစိုးရ အမိန့်ကြေငြာစာများဖြင့်သာ လည်ပတ်နေသောကြောင့် အမိန့်ကြေငြာစာများကို ပြန်လည်သုံးသပ်စေလိုကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ တောင်သူ လယ်သမားများသည် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများကို အများဆုံး ခံစားရလေ့ရှိကြောင်း၊ တောင်သူ လယ်သမားများသည် အစိုးရ၏ ထောက်ပံ့မှုကို အပြည့်အဝမရရှိကြောင်း တောင်သူလယ်သမားများနှင့် သက်ဆိုင်သော အသင်းအဖွဲ့များက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ဧရာဝတီတိုင်းတွင် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ်ခဲ့သော်လည်း အစိုးရ အဖွဲ့အနေဖြင့် လုံလောက်သော ထိရောက်သည့် ထောက်ပံ့ပေးမှု မရှိဘဲ ကျပ်တစ်သိန်းခွဲခန့် ကုန်ကျသော လယ်တစ်ဧကလျှင် ကျပ်ခြောက်ထောင်ခန့်သာ တန်ကြေးရှိသည့် မျိုးစပါးတစ်တင်းခန့်သာ ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဦးစိုးထွန်းက ထောက်ပြပြောကြားသည်။
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်က မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းသည် တစ်နိုင်ငံလုံး ဂျီဒီပီ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး လယ်ယာုတ်ကုန်သွင်းကုန်မှာ ပြည်ပတင်ပို့မှု နှစ်ဆယ်ရာခိုင်နှုန်းခန့်ရှိကြော
မြန်မာ့ခေတ်
