Tuesday, April 2, 2013
သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး အဲဒီတက္ကစီသမား သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားတာကတော့ ရဲကင်းထဲမှာ မဟုတ်ပေမယ့် စစ်ဆေးခံရပြီး ပြန်အလာ မသက်သာတဲ့အတွက် ဆေးရုံကို ကုသဖို့အသွား လမ်းမှာ
သေဆုံးသွားခဲ့ပါတယ်။
သီရိမန္တလာ ရဲကင်းဟာ မန္တလေးတိုင်းဒေသ
ကြီး အောင်မြေသာစံမြို့ နယ်၊ သီရိမန္တလာ ကားဝင်းမှာ တည်ရှိပြီး အမှတ်(၅)ရဲစခန်းပိုင် နယ်မြေဖြစ်ပါတယ်။
ဖမ်းဆီးစစ်ဆေးခံ၇တဲ့ဆိုင်ကယ်တက္ကစီသ
မားဟာ (၃၁-၃-၂၀၁၃) နေ့ ည သန်းခေါင်ယံ အချိန်မှာ အကျီင်္အစိမ်းရောင်နဲ့ ခရီးသွားတစ်ဦးကိုပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသွားက ပိုက်ဆံလုယက်တယ်ဆိုပြီး ရဲကင်းမှာ လာတိုင်တဲ့အတွက် တက္ကစီသမားကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်
ပါတယ်။
ဖမ်းဆီးတဲ့အခါမှာ ထိုးကြိတ်မှုတွေကြောင့် အဲဒီဆိုင်ကယ်တက္ကစီသမားဟာပါးစပ်နှာ
ခေါင်းများမှ သွေးများထွက်နေပြီး လက်ထိပ်ခတ်ကာခေါ်ဆောင်သွားခဲ့တယ်လို့မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူ ကိုပြည့်စုံအောင်ဟာ အသက်(၂၃)နှစ် အရွယ်ရှိပြီး ငါးရက်အကြာမှာ လက်ထပ်တော့မယ့် သတို့သားလောင်းလည်း ဖြစ်ပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမှုပြန်ဖွင့်ပြီးအမှန်တရားပေါ်ပေါက်စေချင်တယ်လို့ပြောပါတယ်။
သေဆုံးသူရဲ ဇနီးလောင်း(အသက်၁၇နှစ်)
ဟာ ”လုပ်တဲ့သူကို ထောင်ပြန်ချချင်တယ်၊ အမှုဖွင့်မယ်”လို့ ပြောပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ
နယ်မြေရဲစခန်းကို မေးမြန်းပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့ပါတယ်။
(ပုံမှာ - သေဆုံးသူကိုပြည့်စုံအောင် ရဲ့ ဇနီး ဖြစ်ပါတယ်။)
မန္တလေးခေတ်