အစိုးရအနေနဲ့ စီးပွားရေးအောင်မြင်အောင် ဆောင်ရွက်မပေးနိုင် ရင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအပေါ် ပြည် သူတွေကယုံကြည်မှုနည်းပါးလာ
နိုင်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ဒီနေ့မှာပြောကြား လိုက်ပါတယ်။
ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်ရှင်းများ အသင်းချုပ်ရုံး UMFCCI မှာကျင်းပတဲ့တောင်သူလယ်သမားအရေး
ဆွေးနွေးပွဲမှာ သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။
"ဒီနေ့ ဒီမိုကရေစီစနစ်ပြောင်းလဲလာ
တဲ့နေရာမှာ စီးပွားရေးကိုအောင်မြင်အောင် မလုပ်နိုင်သေးဘူးဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံရေး ပြုပြုင်ပြောင်းလဲမှု အပေါ် ကျွန်တော်တို့အပေါ် ပြည်သူတွေ ယုံကြည်မှုနည်းရင် ကျွန်တော် တို့သွားမယ့်လမ်းမှာအနှောင့်အယှက်ဖြစ်
မယ်။ဒီစနစ်ကို ထူထောင်ချင်တယ်ဆိုရင် ဆင်းရဲနေတဲ့ ပြည်သူတွေကို ချမ်းသာအောင်ထက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေမှုဖြစ်အာင်
လုပ်ပေးဖို့ လိုပါလိမ့်မယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူ လယ်သမား အများစုဟာ ဆင်းရဲလွန်း တဲ့အတွက် သူတို့တွေရဲ့ စားဝတ်နေရေး ပြေလည်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို လယ်သမား အခွင့်အရေး ဥပဒေကြမ်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စား
လှယ်တွေ တက်ရောက်ခဲ့ကြပြီး၊ လယ်သမားတွေအတွက် လုံလောက်တဲ့ ချေးငွေတွေရရှိဖို့၊ အကြောင်းပြချက်မရှိပဲ လယ်ယာမြေ သိမ်းယူတာတွေမပြုလုပ်ဖို့နဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ
ပညာရပ်တွေကို တိတိကျကျနဲ့ လက်တွေ့ ကူညီဆောင်ရွက်ပေးဖို့စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
From : RFA
