(၁၉-၄-၂၀၁၃ - လေးမြို့ နံနက်ခင်းသတင်း)
ရခိုင်ပြည်နယ်၊မင်းပြားမြို့ ၊ ကျိန်းတောင်ဇီဝှာဓါတ်တော်ပွဲကို (၁၉.၄.၂၀၁၃)မှစတင်ပြီး
(၂၁.၄.၂၀၁၃)အထိစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပါသည်။နှစ်စဉ်နှစ်တိုင်းအစဉ်လာ
မပျက်ကျင်းပနေကျဖြစ်သော ဘုရားပွဲတော်ကို ယနေ့ (၁၉.၄.၂၀၁၃)နေ့ ၊ နံနက်(၄)နာရီအချိန်တွင် ဆီမီးတစ်ထောင်၊ပန်းတစ်ထောင်ဖြင့် ပူဇော်ပြီးစတင်ကျင်းပခဲ့ပါသည်။
ယခုနှစ်(ပုဒ်မ၁၄၄)အခြေအနေအရ ပွဲတော်အား ညလုံးပေါက်ကျင်းပခွင့်မရဘဲ ပွဲတော်အချိန်ကို
ည(၁၀)နာရီအထိသာ ကျင်းပမည်ဟုလည်း သိရပါသည်။ပွဲတော်ထူးခြားသတင်းများအား ဆက်လက်
တင်ပြပါမည်။
(လေးမြို့ သတင်းမီဒီယာ)