ုဧပြီလ - ၂ ရက် ၂၀၁၃
၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ
ပါသည်။မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီးအခြားခလေးငယ်များ
မှာ ပိတ်မိနေခဲ့ပါသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှစာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များ
လောင်ကျွမ်းခဲ့ရကြောင်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင်မီးသတ်ရောက်လာတော့မှ တံခါးဖျက်ဝင်ပြီးကလေးတွေကို ကယ်လိုက်နိုင်တယ် .. ကလေးတွေက အထဲမှာ ပိတ်မိပြီး အောက်ကို မဆင်းနိုင်ဘူးဖြစ်နေတယ် ... အခု သေတာက ၁၃ ယောက်ရှိသွားပြီး လို့သိရတယ် ... နောက်ထပ် ဒဏ်ရာရတဲ့သူတွေ လဲ အများကြီးပဲ .. ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ မေးမြန်းရာ ... အားလုံးအိပ်နေတဲ့ အချိန်မှာဖြစ်တာလေ .... ခလေးတွေက ကျောင်းကို ပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ် ... ၀ါယာရှော့ဖြစ်တယ်လို့တော့ ပြောတယ် .... တာဝန်ရှိသူတွေ သေသေချာချာ စစ်ပြီး
မှ ဘာကြောင့်ဖြစ်တယ်
ဆိုတာသိရမယ် ဟုဖြေကြားခဲ့ပါသည်။
အဆိုပါကျောင်းတွင်ကျောင်းအိပ်ကျောင်း
စားခလေးငယ် ၇၀ မှ ၁၀၀
အကြားတက်ရောက်လျက်ရှိမည်ဟုယူဆရကြောင်းဒေသခံများကပြောကြားခဲ့ပါသည်
မီးသတ်မှ ရောက်ရှိလာပြီး ကျန်ရှိသောခလေးငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်
တွင် မီးညွန်ကျိုးသွားပြီဖြစ်ကြောင်း အခြားအိမ်များသို့ ကူးစက်မှု မရှိခဲ့ကြောင်းသတင်းရရှိပါသည်။
နောက်ဆက်တွဲ ရရှိသော သတင်း
၄၈ လမ်းကျောင်း မီးလောင်ကျွမ်းမှုမှာ ရှိုမီးဖြစ်ကြောင်း
ဧပြီလ - ၂ ရက် ၂၀၁၃
ဗလီနှင့်လှေခါးကြား မျှော်စင်ကြား နေရာသို့
တစ်ယောက်မှဝင်ရောက်ခဲ့ကြောင်းမျက်မြင်
သက်သေ များမှ ပြောကြားခဲ့ပါသည်။
ကျောင်းတစ်ဝိုက် လောင်စာဆီများ ပက်ဖြန်းသွားခဲ့ကြောင်းနှင့် မီးလောင် သေဆုံးသွားသော ခလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်စာဆီအနံများရ ကြောင်း အလောင်းများကိုပို့ပေးသူများက ပြောကြားခဲ့ပါသည်။မီးဘေးမှ လွတ်မြောက်လာသူ ခလေးများအား
မေးမြန်းရာတွင် တစ်စုံ တစ်ယောက်မှ ခလေးများအိပ်ပျော်နေချိန်တွင် လောင်စာဆီများလာရောက်ပက်ဖျန်းခ
ဲ့ကြောင်းmyanmarmuslim.net သို့ပြောကြားခဲ့ပါသည်
။
http://www.myanmarmuslim.net/?p=2821
(မှတ်ချက်။ ။ဤသတင်းသည် Myanmar Muslim .Net မှ မင်းဇေယျာ ရေးသားသော
သတင်းကို ပရိသတ်များအား သိရှိစေရန် ရည်ရွယ်၍ တင်ပြပေးလိုက်ပါသည်။)