သမ္မတရာထူး ဆက်လက် ထမ်းဆောင်ရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ၂ဝဝ၇ ခုနှစ် မတ်လက အရေးပေါ် ဥပဒေသစ် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍
သမ္မတဟောင်း ပါဗက်ဇ်မူ ရှာရက်ဖ်ကို ပါကစ္စတန်နိုင်ငံရှိ အဆင့်မြင့် တရားရုံး တစ်ခုက ဖမ်းဆီးရန် ဧပြီ ၁၈ ရက်တွင် အမိန့်ထုတ်ပြန် ခဲ့ပြီးနောက် ၄င်းသည် ပါကစ္စတန် ရဲတပ်ဖွဲ့ထံ ဧပြီ ၁၉ ရက်တွင် လာရောက် အဖမ်းခံခဲ့ကြောင်း သတင်း ရရှိသည်။
သမ္မတဟောင်း မူရှာရက်ဖ်ကို ယခုအခါ အစ္စလာမ္မာ ဘတ်မြို့တော် အနီးရှိ ၄င်း၏ နေအိမ် အတွင်း၌ ထိန်းသိမ်းထား လျက်ရှိကြောင်း Geo Tv က သတင်း ထုတ်ပြန် ခဲ့သည်။
၂ဝဝ၇ ခုနှစ် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မူရှာရက်ဖ်သည် နိုင်ငံအတွင်းမှ ပြည်ပသို့ လေးနှစ်နီးပါးကြာ ထွက်ခွာသွားပြီးနောက် လွန်ခဲ့သောလမှ ပါကစ္စတန် နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
၎င်းသည် ပါကစ္စတန် နိုင်ငံရှိ မွတ်စလင် အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင်ဖြစ် လာရန် မျှော်လင့်လျက်ရှိပြီး လာမည့်လတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။