ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွတ်မြောက်

်Monday,April 29 , 2013
တပ်မတော် တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စခန်းများတည်ရှိရာ မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ရပ်ကွက် မလိခလမ်း၌ ဧပြီလ၂၇ ရက်နေ့ နံနက်၃နာရီ မိနစ် ၃၀ ခန့်က ဆူပါ ကာစတန် ၈ဈ /၈၁၆၃ မော်တော်ယာဉ် ပေါ်၌ ရခိုင်ပြည်နယ်ဘ
က်မှ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသား ၁၆ ဦးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင် ခဲ့သော်လည်းဘင်္ဂါလီ အမျိုးသမီး နှစ်ဦး လွတ်မြောက်နေကြောင်း မင်္ဂလာဒုံ မြို့နယ်မှူးရုံး၏ တာဝန်ကျ ရဲအရာရှိက
The Voice သို့ပြောကြားသည်။

အဆိုပါ လွတ်မြောက်သွားသော ဘင်္ဂါလီအမျိုးသမီး နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ စုံစမ်းရှာဖွေနေပြီး ဖမ်းမိထားသည့် ဘင်္ဂါလီအမျိုးသား ၁၆ဦးကို လူဝင်မှုကြီးကြပ် ရေး (လ.ဝ.က)
အက်ဥပဒေနှင့် အညီ စွဲချက်တင်သွားမည် ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် ရှိသော တစ်ဖက် အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီလူမျိုး များသည် ရခိုင်ပြည်နယ်မှ တစ်ဆင့် ပြည်တွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြရာ ဗုဒ္ဓဘာသာ ရဟန်းတော်များ အသွင်ဆောင်ကာ
သင်္ကန်းဝတ်၍ လည်းကောင်း၊ ခရီးသည်တင် အဝေးပြေးယာဉ်များ၏ ဝမ်းဗိုက်အတွင်းမှ လိုက်ပါ၍လည်းကောင်း နည်းလမ်း ပေါင်းစုံဖြင့် ခိုးဝင်လျက် ရှိကြသည်။

ွှTheVoiceWeekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post