ကျောက်ဖြူခရိုင်၊ မဒေးကျွန်းရှိ CNPC တရုတ် စီမံကိန်းကို ဆန္ဒပြခဲ့သော ဒေ
သခံ ၆၀၀ခန့် အနက် ဒေသခံ ၁၀ ဦးကို မဒေးကျွန်း ရဲစခန်းက တရားစွဲရန်
စီစဉ်နေသည်။
ယင်းဆန္ဒပြသောနေ့( ဧပြီလ ၁၈ ရက်နေ့) တွင် ဒေသခံ ၆ ဦးကို မဒေးကျွန်း ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် နောက်ထက် ၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ အာမခံ ဖြင့် ပြန်လွှတ်လိုက်သည်။
မြို့နယ်၊ ပြည်နယ်အဆင့်ထိ ရဲစခန်းမှူးများကို တရားဝင် ဆန္ဒပြခွင့် လျှောက်ခဲ့သော်လည်း ဆန္ဒပြခွင့် မပြုခဲ့ပေ။
CNPC အလိုမရှိ အချက် အပါအ၀င် သိမ်းဆည်းထားသော လယ်ယာမြေ၊ ဥယာဉ် ခြံမြေများကို နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ မဒေးကျွန်းဒေသဆိပ်ကမ်းမှ (ကျောက်တန်း၊ ပြိန်၊ ရွာမ၊ ပန်းထိမ်ဆည်ရွာ) ဆက်သွယ်ရေးလမ်းကို ကောင်းမွန်စွာလုပ်ဆောင်ပေးရေး၊ အလုပ်သမားကဒ် ရရှိပြီးသူဒေသခံများ အလုပ်ရေး၊ နိုင်ငံတကာစံနှုန်း အတိုင်း လုပ်ခရရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသခံများလုံခြုံမှုရှိစေရန် လူစိမ်းလုပ်သားများကို စစ်ဆေးရေး၊ ကျွန်းပတ်လည် ငါးဖမ်းကွက်များတွင် လွတ်လပ်စွာ ငါးဖမ်းခွင့်ရရေး၊ မဒေးကျွန်းပေါ်ရှိ မြေလွတ်မြေရိုင်း မည်သည့်နေရာဒေသ ကိုမှ ကျွန်းသူကျွန်းသားမသိပဲ သိမ်းယူလုပ်ကိုင်ခွင့်မပြုရ၊ လယ်ယာမြေ အသစ်ဖော်ထုတ်ပေးရေးအဖြစ် ကျောက်တန်းကာရီကို အသစ်ပြန်လည်တည်ဆောက်ရေး၊ ယခုလက်ရှိဖြစ်ပေါ်နစ်နာနေသော လယ်ပိုင်ရှင်၊ ဥယျာဉ်ခြံမြေပိုင်ရှင်များကို ထိုက်တန်သောလျော်ကြေးပေးရေး စသည့် အချက်များကို ဧပြီလ ၁၈ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြသည်။