မြောက်ဦးမြို့နယ်ရှိ ဆီသည် ဘင်္ဂလီကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား

မြောက်ဦးမြို့နယ်ရှိ ဆီသည်ဘင်္ဂလီ
ကျေးရွာတွင် ယနေ့ ဧပြီလ ၁ ရက်နေ့ ညနေ့ ၄ နာရီခန့်အချိန်တွင် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့
ကြောင်း သိရသည်။

ထိုသို့မီးလောင်ရခြင်းမှာ ဘင်္ဂလီတစ်ချို့က ရွာအားမီးရှို့ပြီး ဒုက္ခသည်ဖြစ် အောင်ဖန်တီးမှသာ
စားနပ်ရိက္ခာများလွယ်လင့်တကူ ရရှိနိုင် မည် ဖြစ်ကြောင်းပြောဆိုကာ ထိုသို့မီးရှို့ခြင်းဖြစ်ကြောင်းနှင့် တစ်ချို့သော ဘင်္ဂလီများက ထိုအဆိုကိုလက်
မခံမည့်အတွက် သက်ဆိုင်ရာသို့ ပြန်
လည် အကြောင်းကြားကာ
မီးရှို့သောအိမ်အားမီးငြိမ်းရန် ကြိုးစားခဲ့ခြင်းကြောင့် အချိန်မီမီးငြိမ်း
သတ်နိုင်ခဲ့သဖြင့် အခြားနေအိမ်များသို့
ကူးစက်ခြင်း မဖြစ်ခဲ့ ကြောင်းသိရသည်။

ယင်းအချိန်က ဘင်္ဂလီလူမျိုးရှော်ဖီ
ဆိုသူသည် မိမိအိမ်ကိုမိမိ မီးရှို့ပြီး တစ်ရွာ လုံးပြာကျအောင်လုပ်မည်၊ ဒါမှ ကျွန်တော်တို့ ထိုင်စားရမည်ဟုဆိုကာ မီးရှို့ခဲ့ ခြင်းဖြစ်သည်။
ဘင်္ဂလီ လူမျိုးရှော်ဖီ(ဘ)--- အသက် ၄၀ နှစ်သည် သူ၏ ၀ါးထံကာ၊ပျဉ်ခင်း၊ ဓနိ မိုးအိမ်အားမီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်မှ ပစ္စည်းများကို အပြင်သို့ထုတ်ထားခဲ့ ကြောင်းလည်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောင်းဘွေ
ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောကြားချက်အရသိရှိရခြင်းဖြစ်ပါသည်။
အဆိုပါဘင်္ဂလီအားယခုအခါတွင် ခေါ်ယူစစ်ဆေးနေခြင်းများပြုလုပ်ရာတွင် လည်းထိုသို့ထွက်ဆိုခဲ့ကြောင်းသိရသည်။
မိမိ၏နေအိမ်ကို မိမိမီးရှို့ကာ ဒုက္ခသည်ဖြစ်မှ ၀င်ငွေများများရမည်၊ မလုပ်မကိုင် ဘဲ စားရမည်ဆိုသည့် အတွေးအခေါ်မျိုးကြောင့် ဘင်္ဂလီများသည် ယခင်ကလည်း နေအိမ်များကို မီးရှို့ပြီးထွက်ပြေး
ခဲ့ခြင်းများရှိကြောင်းသိရ သည်။

From : RSV

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post