ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်

ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စွမ်းအင်စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်ခဲ့ကြောင်း ယင်းစက်ရုံအား လည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) က ဧပြီ ၆ ရက်တွင် ပြောကြား ထားသည်။

၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား သောရေလှောင်ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။

အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊ မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့ သည်ကို လည်းကောင်း TEPCO က ပြောကြားထားခြင်း မရှိပေ။ သို့သော် ရေလှောင်ကန်သည် ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်းသတ္တိကြွ အရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်း TEPCO က ပြောကြား ထားသည်။

ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်း ကုမ္ပဏီ က ပြောကြားထားသည်။

http://bit.ly/14QSw6w

SHARE THIS
Previous Post
Next Post