ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်မြို့ တွင် ဘုရားဆင်းထု တစ်ဆူအားအိပ်မက်အရ တူးဖော်တွေ့ရှိ


(18.4.2013)
ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်မြို့ ၊အလယ်စုရပ်
ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းအနီး တွင်၁၈-၄-၂၁၀၃ ရက်နေ့ ဘုရားဆင်းထု တစ်ဆူးအား အိပ်မက်အရတူးဖော်ရမှာ တွေ့ရှိခဲ့ပါသည်။ တွေ့ရှိပုံမှာမြို့မဘုန်းကြီး ကျောင်းနောက်ကားလမ်းမအနီး ဘုရား ဒါယိကာ ဦးသာထွန်းမောင် ဆိုသူသည် ပုဏ္ဏားကျွန်းမြို့နယ် ၊ အောင်ဖြူပြင်
ကျေးရွာဇာတိဖြစ်ပြီး သားသမီးများကို
ပညာသင်ရန်အတွက် ပုဏ္ဏားကျွန်းမြို့သို့ ပြောင်းရွေ့လာပြီး သူဝယ်ယူလိုက်သော အိမ်ခြံမြေတွင် အိမ်သာဆောက်မည်ဟု အိမ်သာကျင်းတူးဖော်ရာတွင် ၄င်းစိတ်ကူး၌ ဘုရားရှိနိုင်မည်ဟု စိတ်အထင်ရောက်ရာမှ တူးဖော်ကြည့်ရာ ဘုရားဦးခေါင်းတော်အား တူဖော်တွေ့ရှိရပါသည်။

ယခုအခါ ဘုရားကိုယ်အား
တွေ့ရှိနိုင်ရန်အတွက်ဆက်လက်တူးဖော်
လျှက်ရှိပြီး ရှေ့ဟောင်းသုတေသနမှလည်း လာရောက် ကြည့်ရှုစစ်ဆေးမည်ဟု သိရှိရပါသည်။
From : RSV

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post