Tuesday, April 2, 2013
အဖွဲ့အစည်းပေါင်းစုံနဲ့ ရုပ်ရှင်အနုပညာရှင်များပါတဲ့ အဖွဲ့ဝင်အင်အား ၂၀၀ လောက်ဟာ မိတ္ထီလာမြို့ကဒုက္ခသည်စခန်းတွေကိ
လှည့်လည်သွားရောက်ပြီး ကူညီထောက်ပံ့ အားပေး နှစ်သိမ့်ခဲ့ကြပါတယ်။
၈၈ မျိုးဆက်ပွင့်လင်းအဖွဲ့၊ ရုပ်ရှင်အစည်းအရုံးအဖွဲ့က ဇာတ်ပို့ဇာတ်ရန်နဲ့ ကိုလူချောတို့အဖွဲ့ အပါအ၀င် မင်းသားမင်းသမီး ၁၀၀ ကျော်၊ နာရေး
ကူညီမှုအဖွဲ့ရယ်၊ မဖြူဖြူသင်းအဖွဲ့တို့ ပူးပေါင်းပြီး ‘အပြစ်မဲ့နာကျင်မှုများ
အတွက် စာနာမှုလက်များ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ပုဒ်နဲ့ သွားခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။
“ကား အားလုံးပေါင်း ၁၀ စီးလောက်ရှိမယ်။ နောက် ဟိုရောက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ရောက်နေတော့ ဆရာတော်ကလည်း ကျနော်တို့နဲ့ပေါင်းလှူကြမယ်ဆိုေ
မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်း ၇ ခုကို လှည့်လည်သွားရောက်ပြီး ကူညီခဲ့ကြ
တာ ဖြစ်ပါတယ်။
မိတ္ထီလာခရီးကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတဦးအနေနဲ
ကြရတယ်။ တချို့လည်း အားကစားရုံကြီးတွေမှာ သူ့အကန့်လေးတွေနဲ့သူ ဖျာခင်းပြီးနေကြတယ်။ အားလုံးမျက်နှာတွေက ညှိုးငယ်နေကြတယ်။
ကြောက်ရွံ့နေကြတယ်။ သံသယတွေလည်း ရှိနေကြတယ်။ သောကတွေ
လည်း မပျောက်ကြသေးဘူး။ ဘယ်လိုမှလည်း ပျောက်စရာမရှိနိုင်သေး
ဘူးလေ။ သူတို့ကြုံတွေ့ခဲ့ရတာတွေက ထိတ်လန့်ကြောက်စရာ အဖြစ်
အပျက်တွေပဲလေ။ နောက်ကွယ်မှာ ဖန်တီးနေတာ ကြိုးကိုင်တာတွေရှိ
တယ်လို့လည်း ပြောဆိုကြတာလည်းရှိတယ်။ နိုင်ငံတော်အာဏာပိုင်တွေ
လည်း ပြောနေတယ်။ အခု ဒုက္ခသည်စခန်းရောက်တော့လည်း သူတို့ရဲ အထင်အမြင် အယူအဆတွေ ဒီလိုတွေရှိနေတာ တွေ့ရတယ်။ တော်တော် စိတ်မချမ်းမြေ့စရာကောင်းတာပေါ့။
သားတွေပဲ။ ဘာသာ အယူဝါဒကွဲပေမယ့် ကျနော်တို့သွားရာမှာလည်း သူတို့မှာ ဘယ်သူဘယ်ဝါဆိုရယ်လို့ မရှိဘူး။ တဒင်္ဂလေးတော့ ပျောက်
သွားတာပေါ့။ ဒါပေမယ့် ကျနော်တို့ပြန်သွားရင်လည်း သူတို့သောက ပြန်
တောက်လောင်ကြမှာပါ။ သူတို့မှာလည်း သူတို့ကို ထင်နေတာတွေ၊ သံသယတွေလည်းရှိနေတယ်။ ဒါတွေ အများကြီး ဖြေဖျောက်သွားဖို့လို
မယ်လို့ ထင်တယ်။”
မတ်လ ၂၀ ရက်နေ့က မိတ္ထီလာက စခဲ့တဲ့ ပဋိပက္ခဟာ မြို့နယ် ၁၅ မြို့နယ်ကို ကူးစက်ခဲ့ပြီး အကြမ်းဖက်မှု ၁၆၃ ကြိမ်၊ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရသူ ၈၆ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လူဦးရေ ၁ သောင်းတထောင်ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၆ ခုမှာ လူဦးရေ ၉၀၆၅ ဦးကို စောင့်ရှောက်ထားကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြစ်မှု ကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးရမိပြီး ဥပဒေနဲ့အညီ အရေးယူရန်ဆောင်ရွက်နေကြောင်းလည်