ပြည်ပတင်ပို့မှု များနေ၍ ကွမ်းသီးဈေး မြင့်တက်နေ

ပြည်ပရောက် မြန်မာ လူမျိုးများသည် ကွမ်းစားသူ များပြား လာခြင်းကြောင့် ပြည်ပမှ ၀ယ်ယူမှုမှာ များပြား လာပြီး ကွမ်းဈေးကွက် အတွင်း ကွမ်းသီး ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်ဟု ကွမ်းရောင်းဝယ် သူတို့ ထံမှ သိရကာ မြန်မာနိုင်ငံ မှ ထွက်ရှိသော ကွမ်းသီး များအား စင်ကာပူ ၊ ပါကစ္စတန် ၊ ဆော်ဒီအာရေဗျ နှင့် ထိုင်းနိုင်ငံ မှ မြန်မာ လူမျိုးများ အနေဖြင့် ကွမ်းစားသူ များပြား လာခြင်းကြောင့် နယ်စပ်မှ တစ်ဆင့် တင်ပို့လျက် ရှိကြောင်း သိရသည်။

ကွမ်းသီးပင် များကို ရခိုင်ပြည်နယ် တွင် အဓိကထား စိုက်ပျိုးပြီး ရေး ၊ မြိတ် ၊ ထားဝယ် ၊ မော်လမြိုင် မြို့များအပြင် တောင်ငူဘက် တွင်လည်း စိုက်ပျိုး လျက် ရှိကြောင်း ၊ မတ်လ ပထမပတ် အတွင်း ကွမ်းသီးအခြမ်း တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ဖြစ်ပြီး ၊ ကွမ်းသီး အလုံး တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြစ်ကြောင်း ၊ မတ်လ နောက်ဆုံး အပတ်တွင် ကွမ်းသီး အခြမ်း တစ်ပိဿာလျှင် ကျပ် ၄၂၀၀ ကျပ် နှင့် ကွမ်းသီး အလုံး တစ်ပိဿာလျှင် ကျပ် ၃၀၀၀ အထိ မြင့်တက် လာကြောင်း ကွမ်းသီး ဈေးကွက်မှ သိရှိရသည်။
From : မြ၀တီ

SHARE THIS
Previous Post
Next Post