ကိုရီးယားရေး ကန်သတိထားကိုင်တွယ်

ဧပြီလ ၂ ရက် ၂၀၁၃

မြောက်ကိုရီးယား တပ်တွေ အကြီးအကျယ် ရွှေ့ပြောင်း ပြင်ဆင်တာတွေ လုပ်တဲ့ အထောက် အထား မတွေ့ရပေမယ့် အသစ် တမျိုး ခြိမ်းခြောက်နေမူ တွေကို အရေးတယူ စဉ်းစားနေကြောင်း အမေရိကန် အစိုးရက ပြောကြား ပါတယ်။

တောင်ကိုရီးယားနဲ့ စစ်ဖြစ်ပြီလို့ ကြေညာတာမျိုး မြောက်ကိုရီးယား ဘက်က ကြိမ်းဝါး ခြိမ်းခြောက်မူတွေ ပြီးခဲ့တဲ့ ရက်တွေက ရှိခဲ့ပါတယ်။
ဒီလိုမျိုး တင်းတင်းမာမာ ပြောဆိုမူ မျိုးတွေနဲ့ ယဉ်ပါး နေပြီ ဖြစ်ပေမယ့် လိုအပ် လာရင် ထိန်းထိန်းသိမ်းသိမ်းနဲ့ သတိထား ကိုင်တွယ်သွားဖို့ အမေရိကန် ဘက်က အသင့်ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေးကာနေက ပြောပါတယ်။

သတိထား ကိုင်တွယ် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ထဲမှာ အမိမြေ ကာကွယ်ရေး နဲ့ မဟာမိတ် လုံခြုံရေး စနစ်တွေ ပါဝင်တဲ့ ဒုံးခွင်း ကာကွယ်ရေး စနစ်၊ ပြီးတော့ ဘီတူးနဲ့ ဘီ ၅၂ ဗုံးကြဲ လေယာဉ်တွေ လဲ ပါဝင်ပါတယ်။ တောင်ကိုရီးယား အပေါ် ဖိအားတွေ လျော့ကျသွားပြီး မှားယွင်း တွက်ချက်မူတွေ မဖြစ်ရအောင် ကာကွယ်သွားမယ်လို့ လဲ ဆိုပါတယ်။

မြောက် ကိုရီးယား ဒုံးကျည်တွေကို ခြေရာခံ လိုက်နိုင်တဲ့ အမေရိကန် စစ်သင်္ဘော ကို ကိုရီးယား ကျွန်းဆွယ်နဲ့ ပိုနီးတဲ့ဆီ ရွှေ့ထားလိုက်ပြီလို့ ကာကွယ်ရေး ဌာန အရာရှိတွေက ပြောကြား ပါတယ်။

BBC

SHARE THIS
Previous Post
Next Post