ဧပြီလ ၆ရက်၊ ၂၀၁၃ခုနှစ်
ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို
ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝ
သိရသည်။
ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည်
မဟုတ်ဘဲသီးခြားလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM
ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြော
ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း
အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုး
မဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။
မိုဘိုင်းဖုန်း သုံးစွဲသူအများစု သည် SIM ကတ်ဈေးနှုန်း များ ချပေးလိုက်သည့် အတွက် အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။
လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင်
အသုံးပြုခွင့်ပြုထားရာ လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည်
လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့်တက်လာကြောင်း
သတင်းရရှိသည်။
Skynet News
