သူဌေးပုဆိုး ဖင်ပေါက် (သို့ ) Essar သူဌေး ကုလားမွဲလား


(9-4-2013)
စစ်တွေမြို့ရှိ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ကိုင်နေသော India ,Essar ကုမ္ပဏီအနေဖြင့် လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းများကို အကြွေးစနစ်ဖြင့်ဝယ်ယူထားခဲ့ရာ ယနေ့အထိ အကြွေးဆပ်ရန် ငွေ သိန်းပေါင်း တစ်ထောင့်ငါးရာခန့်ရှိနေသေးကြောင်းသိရသည်။

ထိုသို့ ပေးရန်ရှိသော အကြွေးငွေ များအား သင်္ကြန်မကျမီ ရက်များအတွင်း အကြွေးအချို့ကိုပေးဆပ်မည်ဟု
ကတိပြုထားခဲ့ကြောင်းသိရသည်။
ယင်းသို့ ပေးဆပ် နိုင်ရေးအတွက်ဒေသတွင်း
လုပ်ငန်းရှင်များထံတွင်လုပ်ငန်းခွင့်သုံး
ပစ္စည်းများကို အပေါင်ထား ကာ ငွေချေး ယူမှုများပြုလုပ်နေရဟုသတင်းရရှိပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီးအကြွေးရရန်ရှိသ
ူတစ်ဦးက '' ဒီကောင်တွေ
ယုတ်မာတာလွန်လွန်းလှပြီ၊ဒေသခံတွေ
ရဲ့ငွေ တွေနဲ့ ဆိပ်ကမ်းတည်ဆောက်တယ်။ ဘယ်နေ့ပေးမယ်ဆိုပြီးရက်ချိန်းပေးတာများနေပြီ။ အခုထိ မပေးသေးဘူး။ ဒါကြောင့် သင်္ကြန်မကျခင် မပေးနိုင်ရင် ဒီကောင်
တွေကို အသေသတ်ပစ်တော့မယ်။ ငွေမရရင်လည်းနေပါစေတော့။ ဒီလို စော်ကားတာမျိုးနောက်မလုပ်ရဲအောင
်တော့ တစ်ခုခုလုပ်ပစ်မှ အေးမယ်။ ငွေရမယ့်လူတွေ တန်းစီနေတယ်။ တစ်ယောက်ကိုမှ မပေးဘူး။ ဟိုအကြောင်းပြ၊ဒီကြောင်းပြနဲ့ ၊ နောက်ဆုံး သူတို့စားမယ့်ဆန်တွေကိုတောင် အကြွေး ၀ယ်တယ်" မကျေမနပ်ပြောကြားခဲ့ပါသည်။
အလားတူစွာပင်နောက်တစ်ယောက်က
လည်း
" ငွေတွေ အတိုးနဲ့ချေးနေတယ်။ လုပ်ငန်းခွင်
သုံးပစ္စည်းတွေကို အပေါင် ထားပြီး
ချေးနေတာပါ။ ကျွန်တော်က သူတို့ကိုသိပ်မယုံတော့ဘူး။
ဒါကြောင့် ချေးမချေးကိုလည်း စဉ်းစားနေပါတယ်။ ချေးလိုက်ရင်လည်း အတိုးကိုတောင် ဒီကောင်တွေပေးမှာ
မဟုတ်ဘူး။ ဟိုနေ့ ဒီနေ့ ရွှေ့နေ
မယ် ထင်တယ်။ ဒီလိုမချေးလိုက်ရင်လည်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြဿနာတက်တော့မယ်လို့ မြင်တယ်"ဟု ပြောဆိုပါသည်။

စစ်တွေမြို့ရှိ၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ကိုင်နေသော India ,Essar ကုမ္ပဏီသည် ရောက်ရှိသည့် နေ့မှစတင်ကာလုပ်ငန်းအားအကြောင်းပြပြီး ဆန်၊ဆီ၊ဆား၊ ငရုတ်အစ၊
လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် လုပ်ငန်းခွင့်သုံးကုန်ကြမ်းအားလုံးအားကြွေးဝယ်ယူပြီး ငွေကြေးအား
ဂတိအတိုင်ပြန်မပေးကြောင်း၊ ပေးမည့်နေ့များ အားရွှေ့ဆိုင်း
နေကြောင်းလည်းသိရသည်။

ယခုငွေကြေးများရရန်ရှိသော အကြွေးရှင်များမှာ ကျောက်၊ ကျောက်စရစ်
၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊နှင့်အခြားပစ္စည်းများ
အတွက် ရရန်ရှိသောငွေကြေး
များဖြစ်ကြောင်းလည်း သိ ရပါသည်။
ထိုငွေကြေးများအားတစ်ရက်နှစ်ရက်အ
တွင်းအပြီးအပိုင်မပေးနိုင်ပါက ပြဿနာကြီးစွာတက်နိုင်ခြေရှိကြောင်း
လည်း သိရပါသည်။ ထို့အပြင်
ESSAR ကုမ္ပဏီနှင့်ပတ်သက်ပြီး ယနေ့အထိ သတင်းထောက်တစ်ဦး တစ်ယောက်ကိုမျှ ဖြေ ကြားခြင်း
မရှိကြောင်းနှင့် သတင်းစာရှင်းလင်းပ
ွဲလည်းလုပ်ကိုင်ခြင်းမရှိသေးကြောင်း သတင်းထောက်အသိုင်းအ၀ိုင်း မှ သိရှိရပါသည်။

From : RSV

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post