ဧပြီလ ၁၂ ရက် ၂၀၁၃
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်လာတဲ့အပေါ်ကြိုဆိုပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ ဆက်ရှိ နေတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ G8 စက်မှုအင်အားကြီး ၈ နိုင်ငံကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံကြဖို့အတွက် မြန်မာအစိုးရရဲ့ ကမ်းလှမ်း ဖိတ်ခေါ်မှုအပေါ်မှာ G8 နိုင်ငံခြားရေးဝန်ကြီးတွေ လက်ခံစဉ်းစား တဲ့အကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ညီလာခံအပြီးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အိမ်ရှင်ဗြိတိန်နိုင်ငံခြားရေးဝ
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရှိဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင် ရွက်ဖို့ လိုအပ်တယ် ဆိုတာကို G8 နိုင်ငံခြားရေး ဝန်ကြီးတွေ က အလေးပေး ပြောလိုတဲ့ အကြောင်းကိုလဲ Mr. Hague ကပြောကြားသွား ခဲ့ပါတယ်၊ G8 နိုင်ငံခြားရေးဝန်ကြီးတွေဆွေးေ
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးရပ်သွားဖို့ လူနည်းစုတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ အားလုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညှိုနှိုင်းမှုတွေလုပ်ဖို့အတွက်ကို
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းတွေ ရှိ လာတာကို ကြိုဆိုတဲ့ တချိန် ထဲမှာပဲ၊ ရင်းနှီးမြှုပ်နှံမှု သစ်တွေ၊ ဖွံ့ဖြိုးရေးအစီအစဉ်သစ်တွေကလဲ ပြည်သူတွေအတွက် အကျိုးရှိဖို့အတွက် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ကိုက်ညီအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း လန်ဒန်မြို့တော်မှာ ကျင်းပခဲ့တဲ့ G8 စက်မှုအင်အားကြီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်၊ G8 နိုင်ငံတွေထဲမှာ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ Russia နိုင်ငံတွေပါဝင်ပါတယ်။
VOA