တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကျဲကျန်း ပြည်နယ်၊ ကျန်းစုပြည်နယ်နှင့်
ဟေနန် ပြည်နယ် များတွင် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ခံရသူ
ငါးဦး ထပ်မံတိုးမြင့် လာခဲ့ကြောင်း အစိုးရ က ဧပြီ ၁၈ ရက် ညနေပိုင်းတွင်
အတည်ပြု ပြောကြားခဲ့သည်။
ထို့ကြောင့် တရုတ်နိုင်ငံတွင် ယခု အခါ H7N9 ကြက်ငှက်တုပ်ကွေး ရောဂါ ပိုးကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမှာ ၁၇ ဦး အထိ မြင့်တက်လာပြီး ရောဂါဝေဒနာ ခံစားနေရသူ ၈၇ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင်က ထုတ်ဝေသည့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ပြောကြားခဲ့သည်။
အဆိုပါ ရောဂါပိုး ကူးစက်ခံရသူများ အနက် ခြောက်ဦးသည် ဆေးဝါးကုသမှု ခံယူပြီးနောက် ဆေးရုံမှ ဆင်းခွင့် ရပြီဖြစ်ပြီး ၆၄ ဦးသည် သတ်မှတ်ထားသော ဆေးရုံများတွင် ဆက်လက် ဆေးဝါးကု သမှုခံယူလျက် ရှိကြောင်း ယင်းကော်မရှင်၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။
လူသားများတွင် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိမှုမှာ ပြီးခဲ့သည့် လကုန်ပိုင်းက စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ် အစိုးရက တရားဝင် ပြောကြား ထားသည်။