အမေရိကန် သံတမန် တစ်ဦး ဆီးရီးယားသို့ လျှို့ဝှက် ဝင်ရောက်

အမေရိကန် သံတမန် တစ်ဦးဖြစ်သူ ရောဘတ်ဖို့ဒ်သည် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်အား ဆန့်ကျင်သည့် အတိုက်အခံ အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် အတွက် ဆီးရီးယားနိုင်ငံ အတွင်းသို့ လျှို့ဝှက်စွာ ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းသည် မေ ၉ ရက်က တူရကီ နိုင်ငံ နယ်စပ်မှ တစ်ဆင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်ပြီး အလက်ပိုမြို့နှင့် အစ်ဒ်လစ်ဘ်မြို့ များတွင် တိုက်ခိုက်မှုများ ပြုလုပ် နေကြသော အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၄င်းသည် ဆီးရီးယားနိုင်ငံ အတွင်း နာရီ အနည်းငယ်သာ နေထိုင်ပြီး တူရကီ နိုင်ငံသို့ ပြန်လည် ဝင်ရောက်ခဲ့ကြောင်း အမေရိကန် အရာရှိများက ထုတ်ဖော် ပြောကြားခဲ့ပြီး အခြေအနေ အသေးစိတ် ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆီးရီးယား အစိုးရ ထောက်ခံသူများ ကမူ ဖို့ဒ်၏ လျှို့ဝှက် ခရီးစဉ်သည် နိုင်ငံအတွင်း ဖြစ်ပွား နေသော ဆူပူအုံကြွမှု များကို သွေးထိုး လှုံ့ဆော် ပေးခြင်းဖြစ်ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။ ဆီးရီးယား နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လမှ စ၍ ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ၊ စစ်သားများနှင့် လုံခြုံရေး တာဝန်ရှိသူများ

Read More >> http://bit.ly/139VrBv

SHARE THIS
Previous Post
Next Post