မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို ပြန်လွှတ်ပေး


တရုတ်အစိုးရက နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက ဖမ်းဆီးလိုက်သည့် တရုတ် ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်နောက် အင်္ဂါနေ့တွင် အားလုံး ပြန်လည် လွတ်မြောက်လာကြောင်း တရုတ် သတင်းဌာနများက ဖော်ပြ
Posted on May 21 13 - 06:52 PM | Hits : 49
မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို ပြန်လွှတ်ပေး

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့ ဖမ်းဆီးထားသည့် တရုတ် ငါးဖမ်းသင်္ဘော အဖွဲ့သား တစ်စုကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ တရုတ်အစိုးရက နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက ဖမ်းဆီးလိုက်သည့် တရုတ် ငါးဖမ်းသင်္ဘောကို ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်နောက် အင်္ဂါနေ့တွင် အားလုံး ပြန်လည် လွတ်မြောက်လာကြောင်း တရုတ် သတင်းဌာနများက ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား နယ်ခြားစောင့် အာဏာပိုင် တပ်ဖွဲ့များသည် ငါးဖမ်းလှေနှင့်အတူ အဖွဲ့သား (၁၆)ဦးလုံးကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။




၎င်းတို့ကို မေလ (၅)ရက်နေ့က ကွန်မြူနစ် နိုင်ငံဘက်မှ ဖမ်းဆီးထားခဲ့ခြင်းဟု သိရှိရသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် တနင်္ဂနွေနေ့က တံငါသည်များကို ပြန်လွှတ်ပေးရန် မြောက်ကိုရီးယား အစိုးရကို တရားဝင် တိုက်တွန်း တောင်းဆိုခဲ့သည်။ ယခုလို ပြန်လွှတ်ပေးမှုတွင် မြောက်ကိုရီးယားဘက်မှ တစ်စုံတစ်ရာ တောင်းဆိုမှု ရှိခဲ့ မရှိခဲ့နှင့် တရုတ်ဘက်မှ လိုက်လျောခြင်း ရှိခဲ့ မရှိခဲ့ စသည်တို့ကိုမူ မသိရသေးချေ။ ဒါလီယန်မှ စတင်ထွက်ခွာလာသည့် တရုတ်ငါးဖမ်းလှေသည် နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီးတွင် အဖမ်းခံခဲ့ရခြင်းဟု သိရသည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ငါးဖမ်းလှေ အဖမ်းခံရပြီး ရက်ပေါင်း အတော်ကြာမှ တရားဝင် ထုတ်ဖော်ပြောဆိုမှု ပြုလုပ်လာရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး မည်သည့် မှတ်ချက်မျှ မပေးခဲ့ချေ။




မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အထီးကျန် နိုင်ငံတစ်ခု အနေဖြင့် ရပ်တည်နေပြီး တရုတ်အစိုးရက စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အဓိက အထောက်အပံ့များ ပေးအပ်ထားသည်။ မြောက်ကိုရီးယားသည် တရုတ်၏ ပြိုင်ဘက် အမေရိကန်နှင့် တောင်ကိုရီးယားတို့နှင့် ရန်သူသဖွယ် ဆက်ဆံရေး ရှိနေပြီး တရုတ်နိုင်ငံနှင့်မူ မဟာမိတ်ဆန်ဆန် ရပ်တည်နေသည်။ သို့တိုင်အောင် ပြီးခဲ့သည့် လပိုင်းများအတွင်း တရုတ်နှင့် မြောက်ကိုရီးယားတို့ကြားတွင်လည်း သဘောထား ကွဲလွဲမှုအချို့ ဖြစ်ပေါ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။




Source: NY Timesw

SHARE THIS
Previous Post
Next Post