ကျပ်သိန်း ၂ဝ ကျော် ဈေးပိုရနေသည့် နံပါတ်လှ ကားများ

ရန်ကုန် မေ ၁၆
မော်တော်ယာဉ် အရောင်းအဝယ်ဈေး ကွက်အတွင်း  နံပါတ်သေ ဖြစ်သည့် ပေါင်းခြင်း ၁ဝနှင့် ၁၃ ဂဏန်း ရရှိသည့် ကားများကို အမြင့်ဈေးပေး၍ ဝယ်ယူမှု များရှိနေသည်ဟု ကားဈေးကွက် အတွင်းက သိရသည်။ နံပါတ်လှ ကားများမှာ ပြင်ပ ကားပေါက်ဈေးထက် ကျပ် သိန်း ၂ဝမှ သိန်း ၄ဝ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက် နေခြင်းဖြစ်သည်။
မော်တော်ယာဉ် နံပါတ်သေ ယူရာတွင် ယခင်က ပေါင်းခြင်း ၁ဝနှင့် ၁၃ ဂဏန်းများကို ချန်လှပ် ထားသော်လည်း ယခု နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် မိမိစိတ်ကြိုက် နံပါတ်တောင်းခံ နိုင်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနက သိရသည်။
မော်တော်ယာဉ် မူသေ နံပါတ်များ စိတ်ကြိုက်ရွေးချယ် လိုပါက ရောက်ရှိနံပါတ်မှ တစ်ထောင်အတွင်း ဆိုပါက ငွေကျပ်ငါးသိန်း၊ ရောက်ရှိနံပါတ်မှ နှစ်ထောင်အတွင်း ဆိုပါက ငွေ ကျပ် ခြောက်သိန်း၊ ရောက်ရှိနံပါတ်မှ ခြောက်ထောင် အတွင်း ဆိုပါက ငွေကျပ် ၁ဝ သိန်း၊ ရောက်ရှိ နံပါတ်မှ ခုနှစ်ထောင် အတွင်းဆိုပါက ငွေကျပ် ၁၁ သိန်း၊ ရောက်ရှိ နံပါတ် ကိုးထောင် အတွင်းဆိုပါက ငွေကျပ် ၁၃ သိန်း ပေးသွင်းရယူနိုင်ကြောင်း က-ည-န (မြင်သာ)မှ သိရသည်။
မူသေနံပါတ် ကြိုတင်ရွေးချယ်ရာတွင် ကားတစ်စီးအတွက် ယာဉ်နံပါတ် ၁ဝ ခုအထိ မိမိ စိတ်ကြိုက် ဦးစားပေး ရွေးချယ် နိုင်ပြီး ရောက်ရှိ နံပါတ်မှ တစ်ထောင်အတွင်း ဆိုပါက က-ည-န (မြင်သာ)၌ လျှောက်ထားနိုင်ပြီး ရောက်ရှိနံပါတ်မှ    တစ်ထောင် ကျော်ပါက နေပြည်တော်သို့ တင်ပြ ဆောင်ရွက်ရကြောင်း သိရသည်။
မြဝတီ

SHARE THIS
Previous Post
Next Post