မဟာစင်ပေးခဲ့တဲ့ အမွေဆိုး

မေလ(၁၆)ရက်နေ့ ဝင်ရောက်တိုက်ခတ်သွားတဲ့ မဟာစင်မုန်းတိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေ နေထိုင်တဲ့ ဘောရီချတ်(ခေါ်)အဝကျွန်းဒေသမှာ ရခိုင်ရွာတွေ ပျက်စီးမှူရှိနေတယ်လို့ လေးဝတီသတင်းထောက် အဝကျွန်းမှ သတင်းပေးပို့ထားပါတယ်။
လေတိုက်ခတ်နှုန်း တနာရီကို (၅၀-မှ-၆၀)ထိ တိုက်ခတ်တာကြောင့် သစ်ပင်တွေကျိုးကျပြီး လူနေအိမ်တွေပေါ် ထိခိုက်ကာ တရွာလျှင် အနည်းဆုံး အိမ်သုံးလေးဆောင်ထိ ထိခိုက်သွားကြောင်းပြောပါသည်။

တချို့ရွာတွေမှာ ဘုန်းတော်ကြီးကျောင်းတွေ ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ဘင်္ဂလာအဝကျွန်းမှာ နေထိုင်တဲ့ ရခိုင်လူမျိုးတွေဟာ (၁၁၄၆)မှာ ဘိုးတော်မောင်ဝိုင်း ရခိုင်ပြည်ကိုသိမ်းယူတဲ့နောက် ရမ်းဗြဲလှေကြီးများစွာနဲ့ မန်အောင်ကျွန်းမှ တပ်မင်းကြီးပျို့ အောင်ဆိုသူဦးစီးလျှက် မိသားစုဝင်တွေတင်ဆောင် ထွက်သွားတာဖြစ်ကြောင်းပြောသည်။ ယင်းထွက်လာသူ မိသားစုဝင်တွေဟာ ရမ်းဗြဲ ကျောက်ဖြူ မန်အောင် ရသေ့တောင်နယ်တွေက ပါဝင်ပြီးဒေသခံ ရမ်းဗြဲစကားကို အဓိကထားပြောနေတယ်လို့ဆိုပါတယ်။ ယခုလက်ရှိ အဝကျွန်းဒေသမှာ ကျွန်း(၅)ကျွန်းရှိပြီး ရွာတွေ(၄၄)ရွာရှိနေကြောင်း ပြောပြပါတယ်။ အဝကျွန်းရခိုင်လူမျိုးတွေဟာ မုန်းတိုင်းပေါင်းများစွာကို ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ရတာကြောင့် မုန်တိုင်းဟာသူတို့ အတွက်ရင်ဆိုင်နေကြ သဘာဝ အန္တရယ်တခုပါလို့ ယင်းဒေသခံက ပြောကြား တယ်လို့သိရပါတယ်။

အဆိုပါဒေသမှာ မွတ်ဆလင်လူမျိုး သေဆုံးသူ(၁၂)ဦးထိရှိခဲ့ကြောင်းနဲ့ အိုးအိမ်(တထောင်)နီးပါး ပျက်စီးခဲ့တယ်လို့ပြောသည်။
မူလကဘင်္ဂလာအစိုးရက စစ်တကောင်း ဖလောင်းချိတ် အဝကျွန်း ဒေသသုံးခုကိုဝင်ရောက်မယ်လို့
ကျေညာခဲ့ရာ ဖလောင်းချိတ်နဲ့ စစ်တကောင်းဒေသမှာ အန္တရယ်မကျရောက်ခဲ့ပေမဲ့ ဖလောင်းချိတ် ကမ်းခြေသုံးနေရာက လူသေအလောင်း ကလေး(၁၁)ဦး အမျိုးသမီး(၄)ဦး အမျိုးသား(၉)ဦးပေါင်း(၂၄)ဦး ဆယ်ယူရရှိခဲ့တယ်လို့ ရုပ်သံတွေကထုတ်လွှင့်ကြောင်းသိရသည်။
ဘင်္ဂလာအစိုးရက လူသေအလောင်းတွေဟာ ဘင်္ဂလာနိုင်ငံကမဟုတ်ကြောင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဒုက္ခသည် မွတ်ဆလင်မိသားစုတွေ လွန်ခဲ့သည့်
မေလ(၁၄)ရက်နေ့က စက်လှေနစ်ရာက သေသွားတဲ့ အလောင်းတွေလို့ ခန်းမှန်နေကြကြောင်း ခုအချိန်မှာ ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံး မုန်တိုင်းသတိပေးချက်တွေ အဆင့်(၃)ထိလျှော့ချလိုက်ပြီ ဖြစ်ကြောင်း မဟာစင်နောက်ဆုံးဝင်ရောက်သွားတာက အိန္ဒယနိုင်ငံတရိပူရဒေသသို့ ဆိုပြီး ပေးပို့ထားပါတယ်။။။။


SHARE THIS
Previous Post
Next Post