ရီးရဲလ်နှင့် မော်ရင်ဟို လမ်းခွဲလိုက်ပြီ


ရာသီကုန်တွင် ရီးရဲလ်မှ မော်ရင်ဟို ထွက်ခွာမည်ဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ်က အတည်ပြုခဲ့သည်။ ရီးရဲလ်မှာစပိန့်ဘုရင့်ဖလား ဗိုလ်လုပွဲတွင်
မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ရှုံးနိမ်ခဲ့ပြီးနောက် ဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရပြီးမော်ရင်ဟိုကလည်း ယခုရာသီမှာ ၎င်း၏နည်းပြ
ဘ၀ အဆိုးရွားဆုံးရာသီဟု ၀န်ခံထားခဲ့ကာ ယခုအခါတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်
လမ်းခွဲခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟို ထွက်ခွာမည့် ကိစ္စနှင့် ပတ်သက်၍ ပီရက်ဇ်က “ မော်ရင်ဟိုနဲ့ ကျွန်တော်တို့ လမ်းခွဲဖို့
အချိန်တန်ပြီလို့နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြပါတယ်။ သုံးနှစ်သက်တမ်းအတွင်း သူကြိုးစား
ပေး ခဲ့တာတွေအတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူ့လက်ထက်မှာ အသင်းဟာပိုတိုးတက်လာခဲ့ပေမယ့် ရီးရဲလ်လို အသင်းမျိုး
အတွက်၊မော်ရင်ဟိုလိုနည်းပြမျိုးအတွက
်မျှော်မှန်းထားတဲ့အောင်မြင်မှုမျိုးတော့
မဟုတ်ခဲ့ပါဘူး”ဟုပြောကြားခဲ့သည်။
ရီးရဲလ်မှာ မော်ရင်ဟိုနေရာတွင် အစားထိုးမည့်နည်းပြ မရှိသေးကြောင်း ဖွင့်ဟခဲ့သော်လည်းပီအက်စ်ဂျီနည်းပြ အန်စလော့တီကိုခေါ်ယူရန်
ကမ်းလှမ်းထားခဲ့ကြောင်း သတင်းရရှိသည်။ ရီးရဲလ်နှင့် သဘောတူ စာချုပ်ဖျက်သိမ်းခဲ့သောကြောင့် ချယ်လ်ဆီးအနေဖြင့် အလွတ်ပြောင်းရွှေ
့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။
http://yoyarlay.com/sport/
football/35667-2013-05-20-18-54-28

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post