ဘူးသီးတောင်ကုလားလေလံကိစ္စကို ၀င်ပြောမိသည့် စိုက်ဘဏ် ၀န်ထမ်းကို ချက်ချင်းနေရာပြောင်း



ဘူးသီးတောင်မြို့နယ်တွင် ကုလားများကိုလေလံပေးမည့်ကိစ္စကို ၀င်စကားပြောမိသည့် စိုက်ပျိုးရေးဘဏ် ၀န်ထမ်းတစ်ဦးကို ရခိုင်ဝန်ကြီးချုပ်၏ ဆက်စပ် ညွှန်ကြားမှုဖြင့် ဘူးသီးတောင်မှ တောင်ကုတ်မြို့သို့ ချက်ချင်းပြောင်းရွှေ့စေခဲ့သည်။

ဘူးသီးတောင်မြို့နယ် စည်ပင်သာယာအခွင့်အရေးလိုင်စင်များချပေးမည့်ကိစ္စဖြင့် ဘူးသီးတောင်မြို့သို့ ရောက်ရှိခဲ့သော ရခိုင်ဝန်ကြီးနှစ်ဦးအား ဤကဲ့သို့ စည်ပင်လိုင်စင်များကို နိုင်ငံသားမဟုတ်သူများ လေလံဆွဲခွင့်ပြုခြင်းသည် ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ညီညွတ်မှုမရှိကြောင်း ပြောကြားမိသည့် စိုက်ပျိုးရေးဘဏ် ကြီးကြပ်ဝန်ထမ်း ဦးဇော်ဝင်းအား ဘူးသီးတောင်မြို့မှ တောင်ကုတ်မြို့သို့ ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့က အတင်းအကြပ်ပြောင်းရွှေ့စေခဲ့သည် ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက Coral Arakan News အား ပြောကြားသည်။

အဆိုပါလေလံများကို စစ်အစိုးရလက်ထက်မှစ၍ လာဘ်ငွေပေးနိုင်သော ကုလားများလက်ထဲသို့ ဒေသအာဏာပိုင်များ နှစ်ပေါင်း နှစ်ဆယ်ကျော်ပေးနေခဲ့ရာမှ ယခု ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသား လုပ်ငန်းရှင်များက ထိုစည်ပင်လေလံများကို တိုင်းရင်းသားများအလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ် လေလံဝင်ဆွဲရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

ပြောင်းရွှေ့ခံရသည့် စိုက်ဘဏ်ဝန်ထမ်း ဦးဇော်ဝင်းမှာ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားတို့၏ အရေးအရာများတွင် ဦးဆောင်ဦးရွက်ပါဝင်သူ တစ်ဦးဖြစ်သည့်အတွက် ကုလားလေလံကိစ္စကို ဦးဆောင်သည့် ရခိုင်ဝန်ကြီးနှစ်ပါးကို ဘူးသီးတောင်မြို့သူမြို့သားများက များစွာ ဒေါသထွက်နေကြသည် ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့တွင် လေလံဆွဲရန် နိုင်ငံသားမဟုတ်သူများကိုလည်းဖိတ်ခေါ်ကြောင်း ကြော်ငြာခဲ့ပြီးနောက်၊ ယခင်နှစ်များ နှင့်မတူ တိုင်းရင်းသားလုပ်ငန်းရှင်များကလည်း သိန်း (၁၂၀၀) ကျော် စရံသွင်းကာ လေလံဆွဲရန် ကြိုးစားကြသောအခါ၊ မတ်လ (၈) ရက်နေ့တွင် လေလံဆွဲမည့်အစား ကုလားများလေလံဆွဲနိုင်အောင် စီစဉ်ရန် နှစ်လခွဲခန့် နောက်ဆုတ်ပြီး ပြီးခဲ့သော မေလ (၂၃) ရက် ကြသပတေးနေ့တွင် ကုလားများကို လေလံပေးခဲ့ခြင်းဖြစ်သည်။

စိုက်ဘဏ်ကြီးကြပ်ဝန်ထမ်း ဦးဇော်ဝင်းမှာ ဘူးသီးတောင်မြို့နယ် တက္ကသိုလ် ပညာသင်ထောက်ပံ့ရေးအသင်းကို ခြောက်နှစ်ဆက်တိုက် ဦးဆောင်လာခဲ့သည့်အပြင် ၊ ဘူးသီးတောင်မြို့နယ်ရှိ ရခိုင် နှင့် အခြား တိုင်းရင်းသားများ၏ အရေးအရာများတွင် နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူဖြစ်သည် ဟု ဆိုသည်။

ဘူးသီးတောင် ၏ နှစ်ပေါင်းအဆက်ဆက် ရေဘေး လေဘေး နောက်ဆက်တွဲ ကယ်ဆယ်ရေးများတွင် ဦးဆောင် ဦးရွက် ကမကထပြုလုပ်သူ၊ ဘူးသီးတောင် အလက၏ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ၊ ဘင်္ဂါလီဆူပူမှုကြောင့်ပြေးလာရသော တိုင်းရင်းသား ဒုက္ခသည်များကို ဘူးသီးတောင်မြို့ပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ၏ ခေါင်းဆောင် အဖြစ် ဘူးသီးတောင် မြို့သူမြို့သားများက ဦးဇော်ဝင်းကို သိထားကြသည်။

ဘင်္ဂါလီဆူပူမှုကာလအတွင်း ဘူးသီးတောင်မြို့နယ်အတွင်း ရခိုင် ဒုက္ခသည်များသာမက ထူထဲသော ကုလားလူဦးရေအကြားတွင် ငတ်ပြတ်နေကြသော ရခိုင် နှင့် အခြား တိုင်းရင်းသား ရွာသိမ်ရွာငယ်များသို့ ဆန်အိတ်ပေါင်း (၃၀၀၀) ကျော်ကို ရခိုင်အသိုက်အ၀န်းမှ အလှူငွေများဖြင့် ထောက်ပံ့နိုင်အောင် ဦးဆောင် ဦးရွက်ပြုထားခဲ့သူဖြစ်သည်။

ထို့အပြင် ဘူးသီးတောင် အလက (၁)၏ စာသင်ခန်းနှင့် ပရိဘောဂများကို ကမကထပြု ထောက်ပံ့လှူဒါန်း သည့် အစုအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သူ ဦးဇော်ဝင်းမှာ၊ ကုလားခရိုနီများ၏လေလံကို အပြိုင်ဝင်ဆွဲမည့်သူများထဲမှ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်သည့် ဦးအောင်သန်းထွန်း၏ သူငယ်ချင်းတစ်ယောက်အနေဖြင့် ရခိုင်ဝန်ကြီး နှစ်ပါးကို ၀င်ရောက်ပြောဆိုမိရာမှ အမျက်ရှခံရပြီး ချက်ချင်း နေရာပြောင်းရွှေ့ခံရခြင်းဖြစ်သည်။

ထိုနေ့ မေလ (၂၀) ရက်နေ့က ကုလားလေလံကိစ္စအတွက် ဘူးသီးတောင်မြို့သို့ လာရောက်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် နှစ်ဦးမှာ ဘဏ္ဍာရေးဝန်ကြီး ဦးမောင်စံရွှေ နှင့် မွေး/ရေ ၀န်ကြီး ဦးကျော်သိန်းတို့ ဖြစ်ကြသည်။

ဦးမောင်စံရွှေမှာ သမ၀ါယမ ဦးစီးမှူးဘ၀ဖြင့် ဘူးသီးတောင် GEC ကို ကိုင်တွယ်ခဲ့စဉ်က ၀န်ထမ်းများ၏ စုပေါင်းထည့်ဝင်ငွေ (၁၅) သိန်းကို စာရင်းမပြဘဲ ဖျောက်ဖျက်ခဲ့သူ ဖြစ်သည် ဟု ဆိုသည်။ ထို့အပြင် လက်ရှိတွင်လည်း ထို GEC ဆိုင်၏ နှစ်ခြမ်းထဲမှ တစ်ခြမ်းကို ၄င်းပိုင် “ကြယ်စင်လင်း” မိတ္တူဆိုင် ဖွင့်ထားသည် ဟု ဆိုသည်။ ၄င်းကို ဘဏ္ဍာရေးဝန်ကြီးခန့်သည်မှာ ငတက်ပြားကို ဘဏ္ဍာစိုးခန့်သည် နှင့်သာ တူသည် ဟု ရခိုင်ပြည်နယ်လွှတ်တော် အမတ်က Coral Arakan News အား ပြောကြားသည်။

ထို့အပြင် မွေး/ရေ ၀န်ကြီး ဦးကျော်သိန်းမှာ ဘူးသီးတောင်မြို့နယ် တောင်ဘာဇာကျေးရွာတွင် အထက်တန်း ကျောင်းအုပ် အဖြစ်တာဝန် ထမ်းဆောင်ခဲ့စဉ်က အနီးအနား တွင် အသံချဲ့စက်ဖြင့် တရားနာသည်ကို သွားရောက် ကြိမ်းမောင်းကာ ကုလားကျောင်းသားများရှေ့တွင် ဗုဒ္ဓဘာသာအား နစ်နစ်နာနာ ပြောခဲ့ဖူးသည်ဟု ဘူးသီးတောင် ဒေသခံများက ဆိုသည်။

ကုလားများအား လေလံပေးဆွဲကာ အကျိုးအမြတ်ခံစားနေသူ ဘူးသီးတောင် စည်ပင်ဦးစီးအရာရှိ ဦးစောဝေမှာ စည်ပင်လေလံများကို လက်ဝါးကြီးအုပ်ဆွဲနေသူ ကုလား ရော်ဖီး နောက်ကွယ်မှ ခြစားဖြင့် ငွေကြေးပါဝင် စိုက်ထည့်ထားသူဖြစ်သည် ဟု ဆိုသည်။ စည်ပင်၏ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် ဈေးတွင်းသက်သာ ရံပုံငွေအား လက်ထဲတွင်ကိုင်ထားသူ ဦးစောဝေသည် ထိုရံပုံငွေထဲမှ ငွေသိန်းထောင်ချီထုတ်ယူကာ ကုလား ရော်ဖီးထံ ထည့်ဝင်ထားသည် ဟု စွပ်စွဲပြောဆိုမှုများရှိနေသည်။

ထိုရံပုံငွေထဲမှ ချေးငွေထုတ်ပေးထားသူမှာ ဈေးသည်မ သုံးဦးသာ ရှိသေးသည် ဟု ဆိုသည်။

Coral Arakan News

SHARE THIS
Previous Post
Next Post