မျိုးကျော့မြိုင်နှင့် အိမ်အကူ အမှုရုပ်သိမ်း

အဆိုတော်မျိုးကျော့မြိုင်နှင့် ၄င်း၏ အိမ်အကူတို့ အပြန်အလှန် တရားစွဲဆိုထားခြင်းကို ယခုလ ၄ ရက် က နှစ်ဦးနှစ်ဖက်ညိုနှိုင်း၍ အမှုများ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အမှုကို ရုပ်သိမ်းရန် နှစ်ဖက်လျှောက်ထားစာတွင် ယခု ဖြစ်သည့် အမှုမှာ နိုင်ငံတော်၏ အကျိုးစီပွားနှင့် မူဝါဒများကို ထိခိုက်စေခြင်း မဟုတ်သည့် အမှုဖြစ်ခြင်း၊ တရားလိုနှင့် တရားခံတို့မှာ ခင်မင်ရင်းနှီး သူ များဖြစ်ကြပြီး လူပုဂ္ဂိုလ်ချင်း အဆင်မပြေ၍ တရားစွဲဆို ထားသော်လည်း တစ်ဦးနှင့်တစ် ဦး ညိုနှိုင်းပြေ လည်ကြပြီဖြစ်၍ဟု ပါရှိသည်။

အဆိုတော် မျိုးကျော့မြိုင်က ၄င်း၏ အိမ်အကူ ကိုဟိန်းမင်းသူကို ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့အတူ ကိုဟိန်းမင်းသူကလည်း မရမ်းကုန်မြို့နယ်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃/၃၂၄/၅၀၆ တို့ဖြင့် တရားစွဲဆိုထားပြီး တစ်နှစ်နီးပါးအကြာတွင် ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“မတ် ၅ရက်မှာ ဟိန်းမင်းသူမိခင်က အမှုကို ရုပ်သိမ်းဖို့ မရမ်းကုန်း တရားရုံးကို တင်တယ်။ ဧပြီ ၄ ရက်မှာ မရမ်းကုန်းမြို့နယ် တရားသူကြီးက အမှုကို ပိတ်သိမ်းကြောင်း အမိန့်ချခဲ့တယ်။ ကလေးသူငယ် တရားရုံးဘက်ကိုလည်း မျိုးကျော့မြိုင်က အမှုရုပ်သိမ်းလွှာတင်တယ်။ သက်ဆိုင်ရာ ရဲစခန်းကလည်း ကန့်ကွက်ရန်မရှိလို့ အကြောင်းပြန်တယ်” ဟု မျိုးကျော့မြိုင်၏ ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ကပြောသည်။

၂၀၁၂ ခုနှစ် မေလက မျိုးကျော့မြိုင်၏ ဖုန်းဘီလ်ဆောင်ခိုင်းရာ ဘီလ်ဆောင်ခိုင်း သည့် ငွေများပျောက် ဆုံးမှုကြောင့် အိမ်အကူဟိန်မင်းသူကို မျိုးကျော့မြိုင်က ရိုက်နှက်ခဲ့သည်ဆိုကာ ဟိန်းမင်းသူ၏ မိခင်က မျိုးကျော့မြိုင် ကို စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှု စတင်ဖြစ်ပွားစဉ်က လူမှုကွန်ရက်စာမျက်နှာများတွင် လူစိတ်ဝင်စားမှု အများဆုံး သတင်းတစ် ရပ်ဖြစ်ခဲ့ သည်။ အမှုရုပ်သိမ်းမှုနှင့် ပတ်သက်၍ ကာယကံရှင်များထံ ဆက်သွယ်သော် လည်း ပြန် လည်ဖြေကြားခြင်း မရှိခဲ့ပေ။

From:အေးသူစံ
MMDailyStar

SHARE THIS
Previous Post
Next Post