မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ မုန်တိုင်း အန္တရာယ် စိုးရိမ်နေရ

Thursday, May 16, 2013

မကြာခင် နာရီပိုင်းအတွင်း ၀င်ရောက်တိုက်ခတ်တော့မယ့် မဟာစင် ဆိုင်ကလုံး အန္တရာယ်ကနေ ကင်းလွတ်အောင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထောင်ပေါင်းရာနဲ့ချီတဲ့လူတွေကို လုံခြုံတဲ့နေရာ
ကိုတွေ ကုန်းမြင့်ပိုင်းတွေမှာ ပြောင်းရွေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ပေးလိုက်ပါတယ်။

မဟာစင် ဆိုင်ကလုံးမုန်တိုင်းဟာ ရှောင်ရှားဖို့အတွက် တော်တော် ခက်တဲ့
အကြောင်းနဲ့ အခုဆို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာပိုင်တွေကလည်း 
မြေနိမ့်ပိုင်း ကမ်းရိုးတမ်း ဒေသတလျှောက်မှာ နေထိုင်တဲ့လူတွေကိုလည်း 
ပြောင်းရွေ့နေပြီးဖြစ်ကြောင်းသိရပါတယ်။

မကြာခင်မှာ ကျရောက်တော့မယ့် မဟာစင် ဆိုင်ကလုံးမုန်တိုင်းဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းအပါအ၀င် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နှစ်နိုင်ငံစလုံးက သန်းနဲ့ချီတဲ့လူတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံး လူသားခြင်းစာနာထောက်
ထားမှုဆိုင်ရာ အကြီးအကဲ Kirsten Mildern က သူတို့အနေနဲ့ မုန်တိုင်းဒဏ်ခံရမဲ့ ကြာသာပတေးနေ့ညနဲ့ သောကြာနေ့မနက်မှာ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ အကြောင်း၊ ချစ်တစ်ကောင်းနဲ့ စစ်တွေမြို့က တချို့နေရာတွေမှာ မိုးရွာစတင်ရွာသွန်းနေပြီလို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းမှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် တချို့က မုန်တိုင်းကနေ လုံခြုံတဲ့နေရာကိုရွေ့ပြောင်းဖို့  အစိုးရက ညွန်ကြားတာကို သူတို့အနေနဲ့ မလက်ခံလိုကြောင်း၊ အစိုးရကို အယုံအကြည်မရှိကြောင်း သတင်းတွေလည်းထွက် ပေါ်နေပါတယ်။ 

မဟာစင် ဆိုင်ကလုံးမုန်တိုင်း နောက်ဆက်တွဲသတင်း

မဟာစင်ဆိုင်ကလုန်းမုန်းတိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး နောက်ထပ် နာရီပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်ကကောင်းမြို့နဲ့ မြန်မာနိုင်ငံမောင်တောမြို့
အကြား ကမ်းရိုးတန်းဒေသတွေကို ၀င်ရောက်တိုက်ခိုက်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံမောင်တောမြို့ အနာက်တောင်ဘက် ၂၇၀မိုင်၊ စစ်တွေမြို့ အနောက်တောင်ဘက် ၂၈၀မိုင်၊ ကျောက်ဖြူမြို့ အနောက်ဘက် မိုင် ၃၀၀၊ အိန္ဒိယနိုင်ငံ
ကာလကတ္တားမြို့ ၂၆၀မိုင်အကွာမှာ ဗဟိုပြုနေပြီး မုန်တိုင်းလက်ရှိ
အခြေအနေမှာ အနီရောင်အရေးပေါ်အခြေအနေမှာ ရောက်ရှိနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက မေလ ၁၅ရက်နေ့ ည ၇နာရီအချိန်မှာ သတင်းထုတ်ပြန် ထားပါတယ်။

မလ ၁၅ရက်နေ့ ညနေပိုင်းတိုင်းထွာချက်အရ ဒီနေ့ နေလည်ပိုင်းလောက်မှာ မုန်တိုင်း စတင် ၀င်ရောက်လာမှာဖြစ်ပြီး လေတိုက်နှုန်းတနာရီမိုင် ၁၂၀နှုန်းတိုက်ခတ်မယ်ဆိုရင် မုန်တိုင်းဒီရေအမြင့် ၁၂ပေ လောက် ရှိနိုင်ပြီး တနာရီမိုင် ၆၀လောက်သာ ဆိုရင်တော့ ဒီရေအမြင့် တပေ၊ နှစ်ပေလောက်
ပဲ မြင့်တက် နိုင်မယ်လို့  မိုးလေ၀သပညာရှင် ဦးထွန်းလွင်က အခုလိုပြော
ပါတယ်။

“တနာရီ ၉၀လောက်၊ ၈၅လောက်တိုက်မယ်လို့ မှန်းထားတာနေ့လည်
ကတော့ ၅၅လောက်ပဲရှိတယ်အဲဒီတော့ ထင်သလောက်တော့ အားကောင်း
မလာဘူး၊  တနာရီမိုင် ၆၀လောက်တော့ တိုက်မယ်လို့တော့ 
လောလောဆယ်မှန်းထားပါတယ်၊ မုန်တိုင်းဆိုတော့ ပြောလို့မရဘူးပေါ့ နော်၊ ပင်လယ်ပြင်မှာတော့ လှိုင်းက ၁၂လောက် ရှိမယ်လေ၊ တနာရီမိုင် ၆၀နှုန်းနဲ့သာ ၀င်ရင်တော့ မုန်တိုင်းဒီရေ အလွန်ဆုံးရှိ တပေ နှစ်ပေပါပဲ။” အခုလက်ရှိမှာတော့ အခြေအနေသိပ်မဆိုးဘူးဆိုပေမဲ့ မုန်တိုင်းမလာခင်ကြားမှာ အပြောင်းအလဲတွေရှိ လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သေချာစောင့်ကြည့်ဖို့လိုတယ်လို့ ဦးထွန်းလွင်က ဆက်ပြောပါတယ်။

“အချိန်က ကမ်းဖြတ်ဖို့အတွက် ၁၂နာရီ၊ ၁၈နာရီလောက်လိုသေး
တယ်ပေါ့နော်၊ ဒီကြားမှာတော့ အပြောင်း အလဲတွေ စောင့်နားထောင်ဖို့ လိုတယ်ပေါ့ဗျာ၊ မုန်းတိုင်းတွေဘာတွေ အတက်အကျရှိတယ်လေ၊
အခု လောလောဆယ်အနေအထားအရ တော့ နဲနဲလေး သိပ်အဆိုး
ဘူးပြောပေမဲ့ ဒီနေ့ညတို့ မနက်တို့ ဖြစ်လာနိုင်တဲ့ အကြောင်းအရာလေး
ကိုတော့ ဒေသခံများက နားထောင်ဖို့ လိုပါတယ်။”

မုန်တိုင်းကုန်းတွင်းပိုင်းကိုဝင်ရောက်နေချိန်မှာ မုန်တိုင်းနဲ့အတူ မိုးသည်း
ထန်စွာရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်း
ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် တောင်ကျရေနဲ့အတူ
 မြေပြိုတာတွေ၊ ရေကြီးတာတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။ မုန်တိုင်းဝင်ရောက်ဖို့် နီးကပ်လာတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်အတွင်းရှိမုန်တိုင်းအန္တရယ်ရှိတဲ့နေရာက ဒေသခံတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဘေးလွတ်ရာရွေ့ပြောင်းတဲ့ အစီအစဉ်ကို လိုက်နာခြင်းမရှိ တဲ့ဒေသခံတွေကို  အရေးယူသွားမယ်လို့ မေလ ၁၅ရက်နေ့မှာ ငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့တဲ့အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

SHARE THIS
Previous Post
Next Post