အစ္စလာမ်မစ်ပါတီခေါင်းဆောင်အား ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်”

ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုသည် ဘာသာရေးနှင့် ဆက်နွယ်သည့် နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ဦးအား သေဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။ အစ္စလာမ်မစ် ပါတီ တစ်ခု၏ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်သော မူဟာမက် ကာမာရက်ဇာမန်းအား (၁၉၇၁)ခုနှစ်က ဖြစ်ပွားသည့် လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ယခုလို သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသည် စစ်ရာဇဝတ်မှု ခုံရုံးအဖွဲ့က စီစစ်မှုများ ပြုလုပ်ပြီး (၄)ဦးမြောက်အဖြစ် ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်လာသည်။ နိုင်ငံတဝှမ်းတွင် ကာမာရက်ဇာမန်းကို ထောက်ခံသူများက အုံကြွပေါက်ကွဲမှုများ ဖြစ်လာမည်ကို စိုးရိမ်လျှက် ရှိနေပြီး လမ်းများပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် ပဋိပက္ခများလည်း ပေါ်ပေါက်လာဖွယ် ရှိနေသည်။

Read more http://www.planet.com.mm/news/read.cfm/id/21516

“အစ္စလာမ်မစ်ပါတီခေါင်းဆောင်အား ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ချမှတ်”

SHARE THIS
Previous Post
Next Post