နိုင်ဂျီးရီးယားစစ်တပ်သည် ရည်ရွယ်ချက်မရောက်မချင်း စစ်သွေးကြွများကို ဆက်လက်တိုက်ခိုက်သွားမည်

Sunday, May 19, 2013

နိုင်ဂျီးရီးယားစစ်တပ်က နိုင်ငံအရှေ့မြောက်ပိုင်းရှိ စစ်သွေးကြွများကို ၎င်းတို့၏ ရည်ရွယ်ပန်းတိုင်မရောက်မချင်း ကြာနိုင်သမျှကြာသော်လည်း တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်မှူးချုပ် ခရစ်စ် အိုလူကိုလာဒီက နိုင်ဂျီးရီးယား၏ တနိုင်ငံလုံး စုစည်းနိုင်မှုကို ရည်ရွယ်ထားကြောင်း ပြောကြားသည်။မိုင်ဒူဂူရီမြို့
တစိတ်တပိုင်းတွင် ၂၄နာရီကာဖျူးကို အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်သမား ၆၅ ဦး ဖမ်းဆီးထားကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

၎င်း မိုင်ဒူဂူရီမြို့သည် ဘိုကို ဟာရမ်အစ္စလာမ္မစ် စစ်သွေးကြွများ၏ အရေးကြီးသော အခြေစိုက်နေရာဖြစ်သည်။နိုင်ဂျီးရီးယားသမ္မတ
ဂို့လခ် ဂျွန်နသန်ကလည်း စစ်သွေးကြွများ၏ ဆက်တိုက် တိုက်ခိုက် လာခြင်းကြောင့် ယခုတပတ်အစောပိုင်းတွင် နိုင်ငံ၏ အရှေ့မြောက်ပိုင်း
ပြည်နယ်သုံးခုဖြစ်သည့် ဘော်နို၊ အာဒါမာဝါနှင့် ယိုဘီတို့တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။

နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အိုလူကိုလာဒီက စစ်တပ်သည် နိုင်ဂျီးရီးယားမြေမှ စစ်သွေးကြွအားလုံးကို ဖယ်ပစ်မည့် ရည်ရွယ်ချက် မပြီးမြောက်သေးသရွေ့ ရှည်ကြာသမျှ ကြာသည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစောပိုင်းကစတင်၍ ဘောရိုပြည်နယ် မြို့တော်မိုင်ဒူဂူရီရှိ နယ်မြေ ၁၂ခုကို ကာဖျူးအောက်တွင် အမြဲတမ်းထားရှိမည်ဖြစ်ကြောင်း စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

၎င်းနယ်များသည် စစ်သွေးကြွများ၏ ချုပ်ကိုင်ထားရာနေရာဖြစ်ပြီး မိုင်ဒူဂူရီ တမြို့လုံးတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ စစ်တပ်မှ တပ်ဖွဲ့များသည် မြို့အဝင်တွင် လော်ရီကားများကို ရပ်ဆိုင်းစေနေကြောင်း မျက်မြင်များ၏ ပြောကြားချက်အရသိရသည်။ မိုင်ဒူဂူရိကို အုပ်စီးနိုင် ရန်ကြိုးစားနေမှုကြောင့် စစ်သွေးကြွ ၆၅ ဦကု ဖမ်းဆီးထားကြောင်း စစ်တပ်မှ ပြောကြားသည်။

ဖမ်းဆီးမိသောလူများသည် စစ်တပ်မှတိုက်ခိုက်သောကြောင်း စခန်းများမှ ထွက်ပြေးရန်ကြံစည်သူများဖြစ်ကြောင်း စစ်တပ်မှ ပြောကြားသည်။
စစ်တပ်က သောကြာနေ့က မိုင်ဒူဂူရီရှိ တပ်များနှင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွသံသယရှိသူ ၁၀ ဦးသေဆုံးကြောင်း ထုတ်ဖော်ပြောကြား ပြီး ဒုံးကျည်များပစ်ခတ်နိုင်သည့် လောင်ချာများအပါအဝင် လက်နက်များလည်း သိမ်းဆည်းရရှိကြောင်း ဆိုသည်။

နိုင်ဂျီးရီးယားစစ်တပ်သည် စစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များကိုသုံး၍ အရှေ့မြောက်ပိုင်းရှိ စစ်သွေးကြွ လေ့ကျင့်ရေး စခန်းများစွာ ကို သောကြာနေ့က တိုက်ခိုက်ခဲ့ကြောင်း အရာရှိများက ဆိုသည်။
စစ်လေယာဉ်တစင်းကို လေယာဉ်ပစ် လက်နက်ဖြင့်အပစ်ခံရသော်လည်း စစ်သွေးကြွများ၏ စခန်းကို လုံးဝဖျက်ဆီးကာ စခန်းကို ပြန်လာနိုင် ကြောင်း အရာရှိများက ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက နိုင်ဂျီးရီးယားစစ်တပ်သည် စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် လူ့အခွင့်အရေးကို မချိုး ဖောက် ဘဲ တည်ငြိမ်မှုများကိုပြသရန် တိုက်တွန်းထားသည်။နိုင်ဂျီးရီးယားတွင်
၂၀၁၀ မှစ၍ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး ၎င်း သေဆုံးမှုများအတွက် စစ်သွေးကြွများကို အပြစ်တင်ထားသည်။

၎င်း စစ်သွေးကြွများအနေနှင့် တခြားနိုင်ငံမှ အယ်ကိုင်ဒါများနှင့် ချိတ်ဆက်သည့် စစ်သွေးကြွများ၏ ထောက်ပံ့မှုများရှိလာနေခြင်းကို ပူပန်မှုများ ရှိနေသည်။

The Myanmar Age

SHARE THIS
Previous Post
Next Post