မဟာစင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်သွား၍ မုန်တိုင်းအန္တရာယ် မရှိတော့



မဟာစင်မုန်တိုင်းသည် စစ်တကောင်းမြို့ကို ဗဟိုပြုတိုက်ခတ်ပြီး မူလခန့်မှန်းချက်လမ်းကြောင်းပြောင်း၍ ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းပိုင်းဒေသသို့ ၀င်ရောက်သွားသောကြောင့် မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်ဖွယ်မရှိတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

"မုန်တိုင်းအန္တရာယ်ကင်းသွားပါပြီ။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာလည်း စိုးရိမ်ရလောက်အောင် မိုးရွာသွန်းမှု မရှိနိုင်တော့ပါဘူး"ဟု ၎င်းက ညနေ ၄ နာရီခွဲတွင် ဆိုသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ဘဲ ကမ်းခြေဒေသများတွင် ဆောက်လုပ်ထားသော တံငါအိမ်အချို့သာ ပျက်ဆီးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

SHARE THIS
Previous Post
Next Post