လားရှိုးမြို့ နောက်ဆုံးရသတင်း

29-5-2013
လားရှိုးမြို့တွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ
ပြည်သူများအတွက်လုံခြုံရေးကောင်း
ကောင်းပေး ထားသည့် အတွက် ကျေနပ်နေကြကြောင်းယနေ့ နံနက် 10 နာရီအချိန်တွင် ဆက်သွယ်မေးမြန်း ချက်အရသိရသည်။
မနေ့ညက ရှိုးခဲ့သော မီးကြောင့် မြိုမဗလီ နှင့်ဆိုင်ခန်းများ မီးရှိုခံရခြင်း၊ နာမည်ကြီး အစ္စလာမ်ဘာသာဝင် အချို့အိမ်များ ဖျက်ဆီးခံခဲ့ရမှုများရှိခဲ့ပြီး ယနေ့ နံနက် 1 နာရီ၄၅မိနစ်အချိန်တွင်မီးလောင်မှုများအား ငြိမ်းသတ်နိုင်ခဲ့ကြောင်းလားရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။
ယနေ့ နံနက်အချိန်တွင် မြို့မဈေး ပတ်လည်ရှိဆိုင်ခန်းများ မှာ စိုးရိမ်မှုများကြောင့် ဆိုင်များပိတ် ထားသော် လည်းအခြားနေရာများရှိဆိုင်ခန်းများမှာပုံ
မှန်အနေအထားအတိုင်း အရောင်း
အ၀ယ်လုပ်နေ ကြကြောင်း လားရှိုးမြို့ ဒေသခံသတင်းထောက်တစ်ဦးကပြော
သည်။
Ref: Sithu Lwin
From...အင်းလေးမီဒီယာ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post