အကြမ်းဖက်မည့် သတင်းကြောင့် စိတ်မပူရန် ရခိုင်ပြည်နယ် အစိုးရ တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဗုံးဖောက်မည့် သတင်းများကြောင့် ပြည်သူ များ စိုးရိမ်မှု မရှိစေရန် လုံခြုံရေး အပြည့်အ၀ချကာ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ Facebook စာမျက်နှာဖြစ်သော သာစွဌာနေ ရခိုင်ပြေ တွင်ဖော်ပြသည်။

အစ္စလာမ်မစ် စစ်သွေးကြွများက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွဲမည်ဟု သတင်းများ ထွက်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဗုံးခွဲ အကြမ်းဖက်မှု သတင်းထွက် ပေါ်နေသဖြင့် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်းပေါင်း(၅၀)ကျော် ၊ လုံထိန်းတပ်ရင်းက (၅)ရင်း၊  ရဲတပ်သား အင်အား (၁၀၀၀)ကျော်ရှိပြီး ကမ်းရိုးတန်း တလျှောက် တပ်မတော်ရေက အမြဲမပြတ်ကင်းလှည့်နေကာ မောင်တော-စစ်တွေတစ်လျှောက် ကမ်းရိုးတန်းဒေသများတွင် စစ်တပ်နှင့်(နစက)(လုံထိန်း) တို့က လုံခြုံရေး ဆောင်ရွက်နေသည်။

ယင်းအပြင် မြောက်ဦးမြို့တွင်လည်း လုံထိန်း အထိုင် တပ်ရင်း ထပ်မံ တိုးမြှင့် သွားမည်ဖြစ်သည်။

”လယ်ထွန်တောင် လိုအပ်ရင် လုံခြုံရေး ပေးသွားမယ်” ဟု အစိုးရအဖွဲ့က ကတိပေးထားသည်။

ကိုးကား - သာစွဌာနေ ရခိုင်ပြေ (အစိုးရအဖွဲ့ Facebook)

ဓါတ်ပုံ - စစ်တွေမြို့ ချင်းပျံလမ်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ မြင်ကွင်း

SHARE THIS
Previous Post
Next Post