ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှတ်လိုက်ရလို့ စိတ်မကောင်း ဖြစ်နေတဲ့ သက်မွန်မြင့်

Sunday, May 19, 2013

ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို လက်လွှလိုက်ရလို့ စိတ်မကောင်း
ဖြစ်နေတဲ့ သက်မွန်မြင့် စေတန်ရဲ့ ကချေသည် ဇာတ်ကားက မန္တလေးမှာ
အောင်မြင်ခဲ့ သလောက် ပရိသတ်ကလည်း သက်မွန်ကို အကယ်ဒမီ မှန်းကြတဲ့အပေါ် ခံစားချက်က ဆုဆိုတာက ကြိုးစားခဲ့တာက ကြိုးစား ခဲ့ပြီးပြီ။ ဒါက အပိုဆု ပေါ့နော်။

အဓိကကတော့ ကိုယ့်ရဲ့ ကာရိုက်တာ ပီပြင်အောင်ရယ် ကိုယ်လုပ်ရမယ့် ကိုယ့်တာဝန်ကိုပဲ စိတ်ထဲမှာထားတယ်။ ဆုဆို တာက ရုံတင်ပြီးတဲ့ အချိန်မှာ သတ် မှတ်ပြီး ပေးတာဆိုတော့ ဒီအတွက် ကြိုးစားတာ မရှိဘူး။ ပေးရင် ယူမယ်။ မပေးရင် မယူဘူးပေါ့။ ကျွန်မက နှင်းဆီပါမောင် မရိုက်ဖြစ်တော့တဲ့ အတွက် ဘယ်လိုခံစားရလဲဆိုတော့ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ အခန့်မသင့် ဖြစ်တာလို့ပဲ သဘောထားပါတယ်။ တစ်ခုတော့ ရှိတာပေါ့။

ဒီဇာတ်ကား အပေါ်မှာ ကိုယ်က စိတ်နှစ်ထားပြီး လက်လွှတ်လိုက်ရတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့။ ဒါကလည်း ကံပဲပေါ့။ ကိုယ်က ဒီဇာတ်ကား
နဲ့ မထိုက်တန လို့ပေါ့။ ကိုယ်ဆုံးဖြတ် ပြီးထားတဲ့ အပေါ်မှာတော့ နောင်တ မရပါဘူး။ ကိုဝိုင်းနဲ့ သက်မွန်က ကံစပ်ပါတယ်။ ကားတိုင်းလို့ ပြောရလောက်
အောင် ကားတိုင်း ပေါက်ခဲ့တယ်။

သူကလည်း အလုပ်ကို ကြိုးစားပြီး လုပ်တဲ့ သူတစ်ယောက် ဖြစ်သလို ကိုယ် လည်း လေးစားရတဲ့ သူတစ်ယောက် ပါ။ ဒါပေမဲ့ အနုပညာမှာ သူ့ခံယူ ချက်နဲ့ သူရှိတယ်။ ကိုယ်လုပ်နိုင်တဲ့ အနေအထား ရှိတယ်။ ကိုယ်မလုပ် နိုင်ဘဲ စိတ်မပါဘဲလုပ်ရင် ပီပြင်မှာမဟုတ်ဘူး။ သူလိုချင်တဲ့ ပုံစံကိုကိုယ့်ဆီကရမှာ
မဟုတ်ပါဘူး။

အဲဒါ ထက် စာရင် မရိုက်တာ ပိုကောင်းပါ တယ်။ သက်မွန်ရဲ့ ခေတ်ဆိုပြီး စိတ်ထဲမှာ မရှိဘူး။ အောင်မြင်ကျော် ကြားတာကိုလည်း မက်မောတာ မဟုတ်ဘူး။ ဒါပေမဲ့ အနုပညာကို ချစ်တယ်။ ကြိုးစားပြီး လုပ်တယ်။ ကျန်တာ ကတော့ သူ့ဟာနဲ့သူ အကျိုးသက် ရောက်မှုပေါ့။ အဲဒီ အပေါ်မှာ သက်မွန် မသာယာပါဘူး။

8 DAYS A WEEK ENTERTAINMENT

SHARE THIS
Previous Post
Next Post