KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး



မေ ၁၈ ရက် ၂၀၁၃

KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင်ကြားပေးနေကြောင်းသိရှိရပါသည်

KIA ဌာနချုပ်အတွင်းရှိ ကွန်မန်ဒို သင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် KIA ပြည်သူ့စစ် ၅ဦးအား သင်ကြားနေကြောင်း၊ သင်တန်းတွင် လက်ဖြောင့်(စနိုက်ပါ)ဘာသာနှင့် အနီးကပ် တိုက်ခိုက်ခြင်းနှင့် မြို့အတွင်းတွင် ဖောက်ခွဲ ဖျက်ဆီးမှု၊ လူကြီး/ ခေါင်းဆောင်များကို လုပ်ကြံမှုများနှင့် အခြားသော ဘာသာရပ်များကို သင်ကြားကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

သင်တန်းကို တရုတ်တပ်မတော်မှဗိုလ်အဆင့်ဖြင့် အနားယူထားသော ရှေမင့်မင်းနှင့် KIA မှ ထိုင်း ကွန်မန်ဒိုအထူးသင်တန်း တက်ရောက်ထားသော ဗိုလ် ရှောင်လွမ်းမှ သင်ပေးနေကြောင်း သိရှိရပါသည်။ သင်တန်း များကို ၂ပတ် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ဆောင်မှုများကို ပြုလုပ်ခိုင်းမည်ဟုလည်း အခြားသတင်းများအရ သိရှိရပါသည်။

KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

မေ ၁၈ ရက် ၂၀၁၃
 
KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင်ကြားပေးနေကြောင်းသိရှိရပါသည်။ 

KIA ဌာနချုပ်အတွင်းရှိ ကွန်မန်ဒို သင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် KIA ပြည်သူ့စစ် ၅ဦးအား သင်ကြားနေကြောင်း၊ သင်တန်းတွင် လက်ဖြောင့်(စနိုက်ပါ)ဘာသာနှင့် အနီးကပ် တိုက်ခိုက်ခြင်းနှင့် မြို့အတွင်းတွင် ဖောက်ခွဲ ဖျက်ဆီးမှု၊ လူကြီး/ ခေါင်းဆောင်များကို လုပ်ကြံမှုများနှင့် အခြားသော ဘာသာရပ်များကို သင်ကြားကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

သင်တန်းကို တရုတ်တပ်မတော်မှဗိုလ်အဆင့်ဖြင့် အနားယူထားသော ရှေမင့်မင်းနှင့် KIA မှ ထိုင်း ကွန်မန်ဒိုအထူးသင်တန်း တက်ရောက်ထားသော ဗိုလ် ရှောင်လွမ်းမှ သင်ပေးနေကြောင်း သိရှိရပါသည်။ သင်တန်း များကို ၂ပတ် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ဆောင်မှုများကို ပြုလုပ်ခိုင်းမည်ဟုလည်း အခြားသတင်းများအရ သိရှိရပါသည်။

SHARE THIS
Previous Post
Next Post