NLDမှ အများကိုပိုင်ခြံခတ်၍ ရွာသားများနှင့် ပဋိပက္ခဖြစ်


Tuesday,May 07,2013
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါ
းတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြု
လုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့ေ
သာ နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားေ
သာ မြေအပါအဝင် ကျေးရွာရှိ အများပြည်သူပို
င် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုး ခတ်လို
က်သောကြောင့် ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပ
ွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်
သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ
သည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတေ
ွ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေ
ကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယေ
ာက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစာ
းဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာ တက်နေတ
ယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်
သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။
ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့
အမှန်တရားဖော်ထုတ်ရေး အဖွဲ့က ကိုကိုနိုင်တို
့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ”
ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦ
းက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင် တစ်ဦးဖြစ်သော
ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်
မှ NLD အဖွဲ့ဝင်များအား ဝါးတစ်ရာ ကျေးရွာတ
ွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆို
ကာ ခေါ်သွားပြီးနောက် အမှန်တရားဖော်
ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခ
င် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧ
ကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြ
ည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုး ခတ်လိုက်
သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပ
ွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါ
တီဝင်တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ
ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင်
ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော
ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေ
ကိစ္စအား ဆွေးနွေးကြရာ ပြေလည်မှု မရရှိဘဲ
၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ
ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာလုံးဝိုင်းထား
သောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူး
နှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရော
က်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစ
ည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦးအား ခေါ်ေ
ဆာင်သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့န
ယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်

ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့
အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့်
NLDပါတီ နာမည်အသုံးချမှုအား အရေးယူရန်နှ
င့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ
ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
့မြန်မာ့ခေတ်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post