ဘူးသီးတောင်မြို့နယ်လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည် သူလူထုမှကန့်ကွက်

သို့
နိုင်ငံတော်သမ္မတကြီးပြည်ထောင်စုသမ္မတမြန်မာနိုင်တော်နေပြည်တော်
ရက်စွဲ။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ( ၂၅ ) ရက်
အကြောင်းအရာ။ ။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏အရပ်ရပ်အခွင့်အရေးလိုင်စင်ကို နိုင်ငံသားမဟုတ်သူက တိုက်ရိုက်
လေလံဆွဲဝယ်ပိုင်ခွင့် ရရှိထားမှုအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူလူထုမှကန့်ကွက် တောင်းဆိုခြင်း။

၁။ အထက်အကြောင်းပါကိစ္စနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးကော်မတီကိုနိုင်ငံသားမဟုတ်သူများဖြင့် ထည့်သွင်းဖွဲ့စည်းထားပါသည်။ ထိုသို့ဖွဲ့စည်းထားခြင်းသည်နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ စည်ပင်သာယာရေးအဖွဲ့များ ဥပဒေအမှတ် ၅/၉၃ အခန်း(၃) ၊ ပုဒ်မ (၄) နှင့် လည်းကောင်း၊ ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေ အခန်း (၄) ၊ ပုဒ်မ (၅) (က)နှင့် လည်းကောင်း၊ ဆန့်ကျင်နေကြောင်းတွေ့ရှိရပါသည်။

၂။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏အရပ်ရပ်အခွင့်အရေးလိုင်စင်ကို ၂၃/၅/ ၂၀၁၃ နေ့တွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချပွဲပြုလုပ်ခဲ့ပါသည်။အဆိုပါလေလံစည်းကမ်းချက်တွင် နိုင်ငံသားမဟုတ်သည့် အမျိုးသားမှတ်ပုံတင်ကဒ်(သို့)ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကိုလည်း ဝင်ရောက် ဆွဲဝယ်ပိုင်ခွင့်ပြုထားပါသည်။

၃။ လေလံပွဲမပြုလုပ်မီ ဘူးသီးတောင်မြို့နယ်မှ စည်ပင်သာယာရေးအဖွဲ့၏ ၁.၃.၂၀၁၃ နေ့စွဲဖြင့်ကြော်ငြာသည့် အခွင့်အရေးလိုင်စင် လေလံကြော်ငြာစာ စည်းကမ်းချက်အပိုဒ်(၁)နှင့်အပိုဒ်(၄)ပါအချက်များကို ကန့်ကွက်ပြီး ဥပဒေနှင့်အညီပြင်ဆင်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရမှတဆင့်တောင်းဆိုခဲ့သော်လည်း (၂)လကျော်ခန့်ကြာသည်အထိတစ်စုံတရာ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။

၎။ ပြည်သူလူထုဆန္ဒကို လျစ်လျူရှုထားခြင်းသည် နိုင်ငံတော်မှပြဌာန်းထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၈) ၊ ပုဒ်မ(၃၄၉) ၊ (၃၇၀) တို့နှင့် လုံးဝဆန့်ကျင်နေပြီး
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်လည်း ဆန့်ကျင်နေပါသည်။

၅။ ပြည်သူလူထုက နည်းမျိုးစုံဖြင့် တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် (၂)လကျော်ခန့်အကြာ၁၇.၅.၂၀၁၃နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်သိန်းနှင့်အခွန်ဘဏ္ဍာ ဝန်ကြီး ဦိးမောင်စန်ရွှေတို့ နှစ်ဦးကိုစေလွှတ်လိုက်ပြီး အထက်ဖေါ်ပြပါ ဥပဒေများနှင့်သွေဖယ်၍ တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြုကာ လေလံပွဲကို ၂၃/၅/၂၀၁၃ နေ့တွင်ပြုလုပ်သွားခဲ့ခြင်းအပေါ် အကြွင်းမဲ့ ကန့်ကွက်ပါသည်။

၆။ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတော်မှပြဌာန်းထားသော ၂၀၀၈ ခုနှစ် အခြေခံဥပဒေအားပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းကို ဘူးသီးတောင်မြို့နယ်ပြည်သူများမှ ရခိုင်ပြည်နယ်အစိုးရအပေါ်သံသယဖြစ်မိပါသည်။ နိုင်ငံတော်သမ္မတမိန့်ကြားထားသည့် Good Government ၊ Clean Governmentနှင့်လည်း အလှမ်းဝေးသွားပါသည်။

၇။ သို့ဖြစ်ပါ၍ ဥပဒေနှင့်မညီညွတ်ဘဲ လေလံဝယ်ယူခွင့်ရရှိထားသော နိုင်ငံသားမဟုတ်သူများ၏လုပ်ငန်းများကိုပယ်ဖျက်ရုတ်သိမ်းစေပြီး ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ဘူးသီးတောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လေလံလုပ်ကွက်များကို တိုင်းရင်းသား/နိုင်ငံသားတို့၏လက်ဝယ်သို့တိုက်ရိုက်ပြန်လည်ရရှိစေရန် ဘူးသီးတောင်မြို့နယ် တိုင်းရင်းသားပြည်သူများက လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူလူထုများ
ဘူးသီးတောင်မြို့နယ်

ngalone

SHARE THIS
Previous Post
Next Post