လားရှိုးမြို့တွင် ပုဒ်မ၁၄၄ ပြန်လည်ရုပ်သိမ်း

လားရှိုးမြို့တွင် ယခုနှစ် မေလက ဖြစ်ပွားခဲ့
သော ပဋိပက္ခများကြောင့် ထုတ်ပြန်ခဲ့သေ
ာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇူလိုင်
လ ၂၇ ရက် ညနေက ပြန်လည်ရုပ်သိမ်းလို
က်ပြီဖြစ်ကြောင်း လားရှိုးမြို့ ပြန်ကြားရေး
နှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန လက်
ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ
္ဈိမကို ပြောသည်။
“တစ်မြို့လုံးကို ရုပ်သိမ်းပေးလိုက်တာပါ။
ကျွန်တော်တို့ မနေ့ညက ထုတ်ပြန်ပါတယ်
။ မော်တော်ယာဉ်နဲ့ လိုက်ပြီး အသိပေးပါ
တယ်”ဟု ဦးဝေလင်းက ပြောသည်။
လားရှိုးမြို့တွင် ည ၁၀ နာရီမှ နံနက် ၃ နာရီ
အတွင်း မထွက်ရအမိန့် ရုပ်သိမ်းမှုကို ဇူလို
င်လ ၂၇ ရက် ညနေ ၆ နာရီက လားရှိုးမြို့
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ြ
ပန်ခဲ့သည်။ ရုပ်သိမ်းကြောင်းကို မော်တော်
ယာဉ်များဖြင့် လိုက်လံကြေညာပေးခဲ့ပြီး
တချို့ ရပ်ကွက်များတွင်တော့ လိုက်လံ ကြေ
ညာပေးခြင်း မရှိဘဲ ရပ်ကွက်ရုံးများရှေ့တွင်
ကြေညာဆိုင်းဘုတ်ထောင်ကာ အသိပေး
ထားကြောင်း လားရှိုးမြို့ အမှတ် ၉ ရပ်က
ွက်မှ ကိုခွန်ဇော်ဦးက ပြောသည်။
လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်
က အမှတ် ၁၂ ရပ်ကွက်တွင် အမျိုးသမီးတ
စ်ဦးအား ဓာတ်ဆီလောင်းကာ မီးဖြင့်ရှို့ရာ
မှ ပဋိပက္ခများဖြစ်ပွားခဲ့ကာ ဗလီအပါအ၀င်
၊ အစ္စလာမ်မိဘမဲ့ကျောင်းနှင့် ဈေးဆိုင်ခန်း
များ မီးရှို့ခံခဲ့ရသည်။ ထိုနေ့တွင်ပင် ပုဒ်မ
၁၄၄ ကို ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်
။ လားရှိုးမြို့တွင် မေလ ၂၉ ရက်၌လည်း ဆူ
ပူအကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခြဲ့
ပီး တစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရခဲ့
သည်။
အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့သူအ
ား လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရ
က်တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။
ထို့အပြင် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သ
က်သူ လားရှိုးမြို့ခံ ၆၀ ဦးကို လားရှိုးမြို့ အမှ
တ် ၁ ရဲစခန်းတွင် ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ
၂၉ ဦးအား ဇွန်လထဲတွင် တရားစွဲဆိုခဲ့သ
ည်။
သိင်္ဂီထွန်း
Mizzima - News in Burmese

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post