ပရီးမီးယားလိဂ် ပွဲစဉ် ၂ရဲ့ တနင်္ဂနွေည ပွဲစဉ်တွေမှာ တန်းတက် ကာဒစ်ဇ်ကို မန်စီးတီး ရှုံးနိမ့်ခဲ့ပြီး စပါးကတော့ဆိုလ်ဒါဒိုရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့်
နှစ်ပွဲဆက်တိုက် အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဗဟိုခံစစ်မှူးတွေ ဒဏ်ရာပြဿနာ ရှိနေတာကြောင့် လက်စ်ကော့၊ ဂါစီယာတို
့အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက ကာဒစ်ဖ်ရဲ့ တိုက်စစ်ဆင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် ပွဲချိန် ၆မိနစ်၊ ၁၁မိနစ်တွေမှာ ၀ှစ်တင်ဟန်ရဲ့ ဖရီးကစ်ကန်ချက်တွေကလည်း မန်စီးတီးကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်း ပြန်စပြီး ၆မိနစ်အကြာမှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စရခဲ့ပြီး ဒီဇီကိုက ၂၅ကိုက် အကွာ အမြင့်ဘောကန်ချက်နဲ့ သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ ၇မိနစ်သာ ကြာမြင့်ခဲ့ပြီး ကမ်းဘဲလ်ရဲ့ ကန်ချက်ကို ဂျိုးဟတ် ပုတ်ထွက်ရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂန်းနက်ဆန် ပိတ်သွင်းနိုင်ခဲ့လို့ ကာဒစ်ဖ်တို့ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ဖရေဇာကမ်းဘဲလ်ဟာ
ဒီပွဲမှာ မန်စီးတီး ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာ ဂျိုးဟတ်ရဲ့ အမှားကနေ ဒုတိယဂိုး၊ ပွဲချိန်၈၆မိနစ်မှာ ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး တတိယဂိုး ရယူပေးနိုင်ခဲ့သူပါ။မန်စီးတီးဟာ မနှစ်တုန်းကလည်း တန်းတက်အသင်းတွေနဲ့ အဝေးကွင်း ၄ပွဲ ကစားရာမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပြီး မနှစ်တုန်းက ထောင့်ကန်ဘောကနေ ၆ဂိုးပေးခဲ့ရသလို ဒီပွဲမှာလည်း ထောင့်ကန်ဘောကနေ ၂ဂိုး ပေးခဲ့ရပါသေးတယ်။ နာကျင်အချိန်ပိုမှာ မ
န်စီးတီးအတွက် နီဂရီဒို တစ်ဂိုးပြန်ချေပနိုင်ခဲ့ပေမယ့် သရေတစ်မှတ်ရဖို့ နောက်တစ်ဂိုး မသွင်းနိုင်ခဲ့တာကြောင့် အဝေးကွင်းရှုံးပွဲ ကြုံသွားခဲ့ရပါတယ်။
စပါးနဲ့ ဆွမ်ဆီးတို့ရဲ့ ပွဲကတော့ ကွင်းလယ်အားပြိုင်မှုတွေ မြင်တွေ့ခဲ့ရပြီး ပွဲချိန် ၁၂မိနစ်မှာ ရော့ဒ်လက်ခ်ျရဲ့ဧရိယာပြင်ပကန်ချက်နဲ့ ဆွမ်ဆီးတို့ ဂိုးပေါက် စတင်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ဂိုးရသင့်တာက စပ
ါးဖြစ်ပြီး ပွဲချိန်၂၃မိနစ်မှာ ပေါ်လင်ဟိုရဲ့ ပြင်းထန်အားပါတဲ့ ကန်ချက်ကို မိုက်ကယ်ဗွန်း ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို ပထမပိုင်း နာကျင်အချိန်ပိုမှာ တောင်းဆန်ကို ရှယ်ဗေး ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ပေမယ့် ပင်နယ်တီ မရခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၁၃မိနစ်အကြာမှာတော့ စပါးတို့ ပင်နယ်တီ ရသွားခဲ့ပါတယ်။ စပါးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ပင်နယ်တီရခဲ့ပြီး၂၀၀၆ခုနှစ်နောက်ပိုင်းပရီးမီးယားလိဂ်၂ပွဲဆက်ပင်နယ်တီရခြင်းပဲဖြစ်ပါတယ်။ ဒီပင်နယ်တီကို ဆိုလ်ဒါဒိုပဲ ကန်သွင်းယူခဲ့ပြီး ဒီကစားသမားဟာ စပါးကို ၂ပွဲဆက် အနိုင်ရလဒ် ဖန်တီးပေးနိုင်တဲ့ကစားသမားလည်း
ဖြစ်လာခဲ့ပါတယ်။
http://yoyarlay.com/sport/football/
37417-2013-08-25-18-05-28
ဇော်ထွန်း(ရိုးရာလေး)
