စီးပွားရေးဇုန်ကြောင့် တရုတ်လုပ်ငန်းရှင်များ မြေဈေးကစားမည်ကို စိုးရိမ်နေကြ


ရန်ကုန်- ရှမ်းပြည်မြောက်ပိုင်းတွင် စီးပွားရေးဇုန်ဖွင့်လှစ်ရန် စီစဉ်နေခြင်းကြောင့် တရုတ်စီးပွားရေးသမားများအတွက် မြေဈေးကစားရန်အခွင့်အရေးများဖြစ်လာမည်ကို စိုးရိမ်ကြောင်း မူဆယ်မြို့ စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

“ဒီမှာက စီမံကိန်းရှိတာနဲ့ တရုတ်တွေကျုံးဝယ်တာပဲ။ မကြုံဖူး၊ မကြားဖူးတဲ့ ဈေးတွေ ရက်ပိုင်း၊ လပိုင်းအတွင်း ဖြစ်သွားတယ်”ဟု မူဆယ်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းက သြဂုတ် ၂၉ ရက်တွင် ပြောကြားသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေးကို အခြေခံပြီး မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့ တစ်ဝိုက်တွင် နိုင်ငံတကာအဆင့်မီ စီးပွားရေးဇုန်
ဖွင့်လှစ်ရန်စီစဉ်နေကြောင်းရှမ်းပြည်နယ်
မြောက်ပိုင်း သိန်းနီမြို့နယ်တွင် ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ဒုတိယ
သမ္မတဒေါက်တာစိုင်းမောက်ခမ်းကပြောကြားသည်။

ထို့အပြင် မူဆယ်မြို့ရှိ အိမ်ရာစီမံကိန်း၊ ယာဉ်ရပ်နားစခန်း၊ မြို့ရှောင်လမ်း စီမံကိန်းများရှိသည်ဟု သတင်းထွက်ပေါ်ပြီးေ
နာက် လယ်တစ်ဧကလျှင် ကျပ် သိန်း ၁၀၀၀၊ ၁၅၀၀ ထိ ဈေးများ ဖြစ်ခဲ့ပြီး မြို့ပေါ်၌ ယခင်က ကျပ် သိန်း ၁၀၀၀ တန် မြေကွက်များမှာ ကျပ်သိန်း ၃၀၀၀မှ ၄၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း မူဆယ်မြို့မှ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရာတွင် ယူနန်ပြည်နယ်မှ လုပ်ငန်းရှင်များက ပြည်တ
ွင်းမှ အဆက်အသွယ်များဖြင့် ၀ယ်ယူခြင်း၊ ပြည်တွင်း တရုတ်လုပ်ငန်းရှင်များကလည်း ငွေထုပ်ပိုက် ၀ယ်ယူမှုများရှိခဲ့သည်။
ထို့နောက် ဈေးနှုန်းများမြင့်တက်လာပါက ပြန်လည်ရောင်းချပြီး သိန်းပေါင်းများစွာ အမြတ်ငွေကို ပြန်ယူသွားသဖြင့် ကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များမှာ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရလေ့ရှိကြောင်းလုပ်ငန်းရှင်အချို့ကဆိုသည်။

“စီမံကိန်းလို့ အသံမကြားနဲ့ ကြားတာနဲ့ ငွေထုပ်ပိုက်ပြီး ပထမဆုံးရောက်လာတာ တရုတ်တွေပဲ”ဟု အိမ်ခြံမြေ အကျိုးဆော
င် တစ်ဦးကဆိုသည်။
စီမံကိန်းများရှိပါက ၎င်းအနီးတစ်ဝိုက်တွင် မြေအရောင်းအ ၀ယ်ကောင်းပြီး တန်ဖိုးများမြင့် တက်ခြင်းမှာ မြန်မာနိုင်ငံ၏ အ
လေ့အထတစ်ခုဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။

မြေ၀ယ်ရောင်းကစားမှုများကြောင့်တံတားစီမံကိန်းအပါအ၀င် ဒလမြို့နယ်တွင် အကောင်အထည်ဖော်မည့် အခြားဖွံ့ဖြိုးရေးစီမံကိန်းအားလုံးကို သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း ၂၀၁၅ ခုနှစ်အတွင်းအကောင်အထည်
ဖော်ဆောင်ရွက်မည် မဟုတ်ကြောင်း
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က သြဂုတ် ၂၃ ရက်နေပြည်တော် ၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီးပွားရေးဇုန်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို စီးပွားဖြစ်လုပ်ငန်းများအဖြစ် ဆောင်ရွက်ပြီးတန်ဖိုးမြင့်ထွက်ကုန်ပစ္စည်းများကို ဈေးကွက်ကြီးမားသော အိမ်နီးချင်းတရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

“စီးပွားရေးဇုန်လုပ်မယ့်ကိစ္စကို အသေးစိတ် အချက်အလက်တွေ ပြောလို့မရသေးပါဘူး။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး သဘေ
ာတူညီမှုတွေ၊ လမ်းပန်းဆက်သွယ်ရေး စတာတွေကို ညှိနှိုင်းမှု အရင်လုပ်ရဦးမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

From : 7 Days New

လေးမြို့ သတင်းမီဒီယာ
Website : http://maruthura.blogspot.com
Apk : http://db.tt/vkYgMMlO
Facebook page : https://m.facebook.com/profile.php?id=384855384925559&refid=7&_ft_=qid.5917721553121399243%3Amf_story_key.1221578265946189491


SHARE THIS
Previous Post
Next Post