ဟိုင်းကြီးကျွန်းအနီးတွင် ကုလား၂၇၀ ကျော် ထပ်မံတွေ့


Friday, August 23, 2013
စက်လှေပျက်၍ ကုလာီး ၂၇၄ဦး ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့နယ်ခွဲရှိလိပ်ကျွန်းတွင် ရောက်ရှိနေကြောင်း ဟိုင်းကြီးကျွန်းရှိ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

လိပ်ကျွန်းသည် ဟိုင်းကြီးကျွန်းမှနေ၍ ရေမိုင်အားဖြင့်မိုင်၄၀ခန့်ရှိပြီး၊ ဟိုင်ကြီးရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ်များနှင့်ပုဂ္ဂလိကရေယာဉ်များဖြင့်၎င်းတို့အားသွားရောက်ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။ဟိုင်းကြီးကျွန်းရှိ
ဒေသခံတစ်ဦးက “လိပ်ကျွန်းက ကျောက်ဆောင်တွေကလည်း များတယ်၊ လှိုင်းက အရမ်းကြီးနေတော့ သွားခေါ် တဲ့သူတွေလည်း အခက်အခဲရှိတယ်၊ မ
နက်ပိုင်းကတည်းကသူတို့ကိုသွားခေါ်ကြာပင်လယ်မှာ ရာသီဥတု ဆိုးနေတော့ ပြန်ရောက် ရမယ့်အချိန်ကျော်နေပေမဲ့ ပြန်မရောက်ကြသေးဘူး”
ဟုပြောကြားသည်။

လွန်ခဲ့သည့်ရက်ကငရုတ်ကောင်းမြို့နယ်ခွဲတွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ၅၃ဦးအား ပုသိမ်မြို့သို့ ယမန်နေ့က ခေါ်ယူလာရန် သက်ဆိုင်ရာမှစီစဉ်ထားသော်လည်း ယနေ့တွင် ၂၇၄ဦးအား ထပ်
မံတွေ့ရှိ သဖြင့် ပုသိမ်သို့ခေါ်ယူမည့် အစီအစဉ်အားဖျက်သိမ်းခဲ့ကြောင်းသိရသည်။
ယနေ့တွေ့ရှိခဲ့သည့် ၂၇၄ဦးသည် ယခင်နေ့ကဖမ်းဆီးခဲ့သူများ စီးနင်းလာသည့် စက်လှေမဟုတ်ဘဲ၊
အခြားစက်လှေတစ်စင်းဖြစ်ကြောင်း၊ ယင်း
စက်လှေသည် လှေဝမ်းကွဲ၍ ပျက်စီးနေသည်ကိုလည်း
ကျွန်းအနီးတွင်တွေ့ရှိရကြောင်း သိရသည်။
<p>ဘဂါင်္လီ ၂၇၄ဦး အား ကယ် ဆယ်ရရှိပြီးပါက ငပုတောမြို့နယ် ဟိုင်ကြီးကျွန်းမြို့နယ်ခွဲ
သို့ခေါ်ယူလာ မည်ဖြစ်ကြောင်း သိရသည်။
အေးချမ်းမိုး(ပုသိမ်)
ွှThe Myanma Age

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post