အယ်လ်ကေဒါခြိမ်းခြောက်မှုကြောင့် အမေရိကန်အစိုးရ သတိပေးချက်ထုတ်ပြန်


Friday, Augest 02, 2013

အဓိကအားဖြင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးလိုက်သည်

အမေရိကန်အစိုးရသည် သြဂုတ်လအတွင်း အကြမ်းဖက်တိုက်ခိုက်မည့် အယ်လ်ကေဒါတို့၏ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားလာ မှုအတွက် သတိပေးချက်ထုတ်ပြန်လိုက်သည်။ အဓိကအားဖြင့် အရှေ့အ လယ် ပိုင်းနှင့် မြောက်အာဖရိကတို့တွင် အကြမ်းဖက်တိုက်ခိုက် မှု ဖြစ်ပေါ်နိုင်ကြောင်း အမေရိကန်အစိုးရက သတိပေးလိုက်သည်။ အယ်လ်ကေဒါနှင့် မဟာမိတ် အကြမ်းဖက်အဖွဲ့အစည်းများက ၎င်းတို့ အခြေစိုက်ရာ ဒေသတွင်းနှင့် အခြားနေရာများတွင်ပါ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ဆက်လက် စီစဉ်နေခဲ့ကြောင်း အမေရိကန်အစိုးရ၏ သတိပေးချက်တွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုသည် မွတ်ဆလင်မ်နိုင်ငံများရှိ ၎င်းတို့၏ သံရုံးများကို လာမည့် တနင်္ဂနွေနေ့ (သြဂုတ်လ ၄ ရက်) တွင် ပိတ်ပင်ထားမည်ဖြစ်ကြောင်း အစောပိုင်းက ပြောကြားထားခဲ့ပြီးနောက် ယခုအခါ သတိပေးချက်ကို ထပ်မံ ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။ နိုင်ငံရပ်ခြားရှိ အမေရိကန် အဆောက်အအုံများကို တိုက်ခိုက်မည့် ခြိမ်းခြောက်မှုသတင်းများ ရရှိထားကြောင်း၊ အမေရိကန် သံရုံးအဆောက် အအုံများကို တနင်္ဂနွေနေ့တွင် ပိတ်ထား မည်ဖြစ်ကြောင်း ပြောခွင့် ရအမျိုးသမီး မာရီ ဟာ့ဖ်က ပြောကြားသည်။ လာမည့် တနင်္ဂနွေနေ့မှာ မွတ်ဆလင်မ်နိုင်ငံများတွင် အလုပ်ဖွင့်ရက်ဖြစ်ပြီး ဥရောပ၊ လက်တင်အမေရိကနှင့် အခြား ဒေသအများအပြားရှိ အမေရိကန် သံရုံးများမှာမူ တနင်္ဂနွေနေ့မှာ ရုံးပိတ်ရက်ဖြစ်သည်။

Planet Myanmar Network

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post