်
Thursday, August 1, 2013
ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့
မှာ ဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက် ရသူ
နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်း
အဖွဲ့တွေကပြောသလို၊ ကယ် ဆယ်ရေးလုပ်ငန်း
တွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေ
သခံတွေ ကပြောကြပါတယ်။
ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူ
းခြားမှုမရှိသေးပဲ နောက် ရက်တွေ မှာ ရေ
ကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်
အပေါ်မှာ မူတည်နေတယ်လို့ မြဝတီမြို့က ကုန်သ
ည်တစ်ယောက် ကပြောပါတယ်။
မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေစီးဆ
င်းနေတဲ့ သောင်ရင်းမြစ် ဟာ တောင်ဘက်ကနေ
မြောက်ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ြ
ပီး သောင်း ရင်းမြစ်အ ထက်ပိုင်း ထိုင်းနိုင်ငံဘ
က်မှာ ဆည်တွေတည်ဆောက်ထားပါတယ်။ အခုလိုမိုး
ကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အ
တွက် ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတ
ယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ
အဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။
မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက်ေ
လာလောဆယ်မှာ သောက် သုံးရေရှားပါးလာပြီ
လို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ
ပြန်မ ဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါေ
ရဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ ကျန်းမာရေး
စောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာ
ဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့
သိရပါတယ်။
ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တေ
ာင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်
သွားလာမှု အတွက်ရော ခရီးသည်သွားရေး
တွေ အတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်
တောက်နေတယ်လို့ ဆိုပါတယ်။
မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်
ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမ
ယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့
အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိ
မ်းထားနိုင်တဲ့အတွက် ရေပြန်ကျသွားပြီဖြစ်
လို့ ဒေသခံတွေအတွက် ရေဘေးဒဏ်ဆိုးဆိုးဝါး
ဝါးမခံ
လိုက်ရဘူးလို့ သိရပါတယ်။
RFA
မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်
Published with Blogger-droid v2.0.10