ကင်ဂျုံအန်၏ ရည်းစားဟောင်းကို သေဒဏ်ပေးဟုဆို

လက်ရှိ အာဏာရ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအန်၏ ရည်းစားဟောင်းဟု ဆိုကြသူ မြောက် ကိုရီးယားတွင် လူသိများသော စင်မြင့် ဖျော်ဖြေသူ ဒါဇင်ခန့်အနက် တစ်ဦးအပါအဝင် ဖြစ်သော တေးသံရှင် ဟွန်ဆောင်ဝူးကို ညစ်ညမ်းရုပ်ရှင်
ရိုက်သည့် ဥပဒေ ချိုးဖောက်မှုဖြင့် လက်ဖြောင့်တပ်ဖွဲ့ကို အသုံးပြုကာ ပစ်ခတ် သေဒဏ်ပေးခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ The
Chosunilbo က ရေးသား ဖော်ပြထားသည်။

သေဆုံးသူ ဟွန်ဆောင်ဝူးသည် မွန်ကျုံဂျင်း အမည်ဖြင့် ကျော်ကြား ကာ မြောက်ကိုရီးယား သံစုံ တီးဝိုင်းကြီး တစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး
သြဂုတ်လ ၁၇ ရက်နေ့က လိင်ရုပ်ရှင်များ ရိုက်ကူးသည်ဆိုသော စွပ်စွဲချက်ဖြင့် အဖမ်းခံရခြင်းဖြစ်ကာ သုံးရက်အကြာ ၂၀ ရက်နေ့တွင် လူအုပ်၏ ရှေ့မှောက်၌ သေဒဏ်ပေးခံရခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ သတင်းရင်းမြစ်များက ဆိုသည်။

ယင်းတင်ဆက် ဖျော်ဖြေသူ အမျိုးသမီးနှင့်အတူ အန်ဟာဆု သံစုံတီးဝိုင်း မှ တေးသံရှင်များ၊ ဂီတပညာ
ရှင်များ၊ ကချေသည်များလည်း သေဒဏ်ပေးမှုတွင် ပါဝင်သွားပြီး ၎င်းတို့ လိင်ဆက်ဆံနေသည့်
ဗီဒီယိုကို အချင်းချင်း ပြန်ရိုက်ကြကာ ရောင်းစားခဲ့ကြခြင်း ဖြစ်ကာ ယခုဆိုလျှင် အဆိုပါ ဗီဒီယိုခွေသည် တရုတ်နိုင်ငံတွင်ပင် ပျံ့နှံ့လျက် ရှိပေသည်။

၎င်းတို့ကို နိုင်ငံရေး အတိုက်အခံများကဲ့သို့ ဆက်ဆံခဲ့ကြကြောင်း တောင် ကိုရီးယား သတင်းစာ၏ မြောက်ကိုရီးယား ပြည်တွင်း သတင်းရင်းမြစ်များ က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်က ခေါင်းဆောင် ကင်ဂျုံအန်နှင့် ဟွန်ဆောင်ဝူးတို့ စတင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအီ၏ အ
မိန့်ဖြင့် လမ်းခွဲခဲ့ကြကာ ဟွန်သည် စစ်သား
တစ်ဦး နှင့် လက်ထပ်ခဲ့သည်။

လက်ရှိခေါင်းဆောင်၏ ဇနီးဖြစ်သူ ရီဆိုဂျူးသည်လည်း အန်ဟာဆု သံစုံ တေးဂီတဝိုင်းမှ အဖွဲ့ဝင် တစ်
ဦးပင် ဖြစ်ခဲ့သည်။

သေဒဏ်ပေးခံရသည့် အနုပညာသမားများ ပါဝင်သည့် အန်ဟာဆု သံစုံတီးဝိုင်းနှင့် ဝမ်ဂျေးဆန် အလင်းရောင် တီးဝိုင်းတို့ကိုလည်း လက်ရှိ ပြဿနာ ဖြစ်
ပွားနေစဉ်တွင်ဖျက်သိမ်းထားသည်ဟုလည်း ယင်းသတင်းက ဖော်ပြထားသည်။

“အန်ဟာဆု၊ ဝမ်းဂျေးဆန်အလင်းရောင်က ဂီတသမားတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စက်သေနတ်နဲ့ သေဒဏ်ပေးခဲ့ပါတယ်” ဟု သတင်းရင်းမြစ်က ပြောကြားသည်။

ဟွန်ဆောင်ဝူးသည် မြောက်ကိုရီးယားတွင် နာမည်ကျော်သော အနုပညာရှင် ဖြစ်ပြီး အကျိုးပြုပေါ်လစီ သီချင်းများ၊ ဝါဒဖြန့် သီချင်းများ လည်း သီဆိုခဲ့သူ ဖြစ်သည်။

The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post