ထိုင်းငါးဖမ်းလှေပေါ်တွင် သားဖြစ်သူသေဆုံးခဲ့ သဖြင့် မိခင်ကတရားစွဲလိုက်ပြီ

Friday, August 23, 2013
ထိုင်းငါးဖမ်းစက်လှေပေါ်တွင် သားဖြစ်သူ အလုပ်လုပ်ရင်း သေဆုံးသွား မှုကြောင့် မိခင်ဖြစ်သူက သူ့ သားကို တရားမ၀င်
ပို့ဆောင်ပေးခဲ့သူများကို အရေးယူပေးရန် သြဂုတ် ၂၁ ရက်ကသုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းလိုက်ကြောင်း ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

အမှုဖွင့်တိုင်တန်းသူမှာဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့်ဒေါ်အေးအေးမော်ဆိုသူဖြစ်ကြောင်း ရဲဌာနကအတည်ပြုထားသည်။သူမ၏တိုင်ကြား
ချက်တွင်သားဖြစ်သူကိုပြည့်မိုးဇော်အပါအ၀င် လူသုံးဦးကိုပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်တွင်သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ
တစ်ဦးကထိုင်းနိုင်ငံရှိငါးလုပ်ငန်းစက်ရုံတွင် လစာထိုင်းဘတ်ငွေ ၁၀၀၀၀ (ကျပ်သုံးသိန်းခန့်) ဖြင့် အလုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း တိုင်တန်းထွက်ဆိုထားသည်။

ထိုသူကို ပို့ဆောင်ခ ကျပ်ငါးသိန်းပေး လစာမှ အရစ်ကျပေးဆောင်ရကြောင်း လည်း တရားလိုက ရဲကို ထွက်ဆို သည်။
ပြီးခဲ့သည့် ၂၀၁၂ နိုဝင်ဘာလဆန်းတွင် သူ့သားနှင့်အတူ အလုပ်သွား လုပ်သူနှစ် ဦးမှာ ရန်ကုန်သို့ ပြန်ရောက်လာပြီး ကိုပြည့်မိုးဇော်မှာ ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်ကိုင်နေ
စဉ် သေဆုံး သွား ကြောင်း ပြောပြသဖြင့် သိရှိခဲ့ ရသည်ဟုကွယ်လွန်သူ၏မိခင်ကရဲကိုဆက်လက်ထွက်ဆိုထားသည်။

ထို့ကြောင့် သူ့သားကို ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ပေးခဲ့သူ နှစ်ဦးဖြစ် သည့် ကိုထွန်းသိန်းနှင့် ကိုဆန်းဝင်း ဆိုသူတို့ကို အရေးယူပေးပါ ရန် ဒေါ်အေးအေးမော်က သုဝဏ္ဏရဲစခန်းတွင် စွပ်စွဲတိုင်တန်းခဲ့ပြီး ရဲစခန်းကလည်း အမှုအမှတ် (ပ)၁၆၂/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင်တွေ့ရသည်။
စွပ်စွဲတိုင်တန်းခံရသူ နှစ်ဦးကိုလည်း ရဲများက ဖမ်းဆီးရန် လိုက်လံရှာဖွေနေပြီး ဖမ်း မိ ပါက ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဥပဒေပုဒ်မ ၂၆ ဖြင့် တရားစွဲမည်ဟု ရဲဌာနက ထုတ်ပြန်သည်။

မဇ္ဈိမ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post