ညစ်ညမ်းဝက်ဘ်ဆိုက်များ အမေရိကန်တွင် အဓိက အခြေစိုက်

(24.8.2013)
အမေရိကန်သည်ကမ္ဘာပေါ်ရှိညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၆၀)ရာခိုင်နှုန်း အခြေစိုက်ရာ
နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။

ကမ္ဘာပေါ်တွင် ညစ်ညမ်း(Porn) ဝက်ဘ်ဆိုက်များ အများပြားဆုံး အခြေစိုက်သော နိုင်ငံအဖြစ် အမေရိကန်က ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။ အမေရိကန်နောက်တွင် ဥရောပ နှစ်နိုင်ငံဖြစ်သည့် နယ်သာလန်နှင့် ဗြိတိန်တို့က အစဉ်လိုက် ရပ်တည်နေသည်။ Daily Mail သတင်းစာကဗြိတိန်နိုင်ငံတွင်ညစ်ညမ်းဝက်ဘ်
ဆိုက် Domainပေါင်း (၅၁၂၀၀၀)မျှ ရှိနေကြောင်း
ဖော်ပြခဲ့သည်။

ယင်းပမာဏသည် တစ်ကမ္ဘာလုံးမှ စုစုပေါင်း ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏
(၇)ရာခိုင်နှုန်းနှင့် ညီမျှသည်။ သို့သော်လည်း အဆိုပါ ပမာဏသည် အမေရိကန်နှင့် ယှဉ်လျှင် ခပ်ပါးပါး အခြေအနေသာ ရှိသည်။ အမေရိကန်သည်ကမ္ဘာပေါ်ရှိညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏(၆၀)ရာခိုင်နှုန်း အခြေစိုက်ရာ နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။

ဥရောပ၏ လိင်နှင့် မူးယစ်ဆေး မြို့တော်အဖြစ် တင်စားလေ့ရှိသော အမ်စတာဒမ်မြို့၏
မိခင်နိုင်ငံ နယ်သာလန်ကလည်း ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် စုစုပေါင်း၏ (၂၆)ရာခိုင်နှုန်းအတွက် ဘူမိနက်သန် ဖြစ်နေသည်။အမေရိကန်တွင်ညစ်ညမ်းဝက်ဘ်ဆိုက် Domain (၄.၂)သန်းမျှ ရှိနေပြီး
(၃)ပုံ(၂)ပုံသည် ကယ်လီဖိုးနီးယားတွင် မှတ်ပုံတင်ထားကြောင်းလည်း သိရသည်။

နယ်သာလန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainအမည် (၁.၈)သန်း ရှိနေပြီး ညစ်ညမ်းဝက်ဘ်ဆိုက် စာမျက်နှာ(၁၈၇)သန်းကို သိုမှီးထားသည်။အမေရိကန်၊ နယ်သာလန်နှင့် ဗြိတိန်တို့နောက်တွင် ဂျာမနီက စတုတ္ထနေရာမှ တန်းစီပြီးDomainအမည် (၈၀၀၀၀)၊ ဝက်ဘ်ဆိုက် စာမျက်နှာပေါင်း (၈)သန်းဖြင့် ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် ဝေစု(၁.၁၆)ရာခိုင်နှုန်းကို ခွဲယူထားသည်။

ကလေးများ အင်တာနက် သုံးစွဲမှု လုံခြုံရေး အစိုးရ အကြံပေးအရာရှိ ဂျွန်ကားရ်က ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainများ တားဆီးမှုကို ယခုထက် ကြပ်မတ် ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းခဲ့သည်။ "ကလေးတွေ အလွယ်တကူ ဝင်ကြည့်လို့ ရတာမျိုးကို ဘယ်လို ကန့်သတ်မလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်
"ဟု ၎င်းက ဆိုသည်။

ယခုစစ်တမ်းကို ကယ်လီဖိုးနီးယား အခြေစိုက် အင်တာနက် စီစစ်လေ့လာရေး ကုမ္ပဏီ
MetaCertက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၁၃)ခုနှစ်၊ ဩဂုတ်လထိ အချက်အလက်များ စုဆောင်းကာ ယခုကဲ့သို့ ဖော်ပြထားခြင်းဟု သိရသည်။ကုမ္ပဏီကTabletနှင့်စမတ်ဖုန်းများမှတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုမှုတွင် ကလေးများနှင့် ကင်းကွာအောင် အစီအစဉ်များ ပြုလုပ်သင့်ကြောင်းလည်း မှတ်ချက်ပေးသွား
သည်။
Planet Myanmar Network

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post