ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ အမေရိကန်နို င်ငံ မန်ဟက်တန်မြို့ထက် ဈေးကြီး


Thursday, August 1, 2013
ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခ ဈေးနှုန်း
မှာ အမေရိကန်နိုင်ငံ၊ မန်ဟက်တန်မြို့ထက် ဈေး
ကြီးမြင့်နေကြောင်း Bloomberg သတင်းဌာ
န၏ ဖော်ပြချက်အရ သိရသည်။
ရန်ကုန်မြို့လယ်ရှိ ၁၉၉၀ ပြည့်လွန် ကာလအတွင်
းက ဆောက်လုပ်ခဲ့သော အဆောက်အအုံအချို့တွင် ရုံ
းခန်းငှားရမ်းခမှာ တစ်စတုရန်းပေလျှင် အမေ
ရိကန်ဒေါ်လာ ၁၀၀ ခန့် ရှိနေပြီး မန်ဟက်တန်
မြို့လယ်ကောင်တွင်ပင် တစ်စတုရန်းပေလျှင် ၇၅
ဒေါ်လာသာ ရှိနေသဖြင့် ရန်ကုန်မြို့က ပိုမိုဈေ
းကြီးမြင့်လျက် ရှိသည့်အပြင် နေရာမှာလည်း အ
ရေးပေါ် ထွက်ပေါက်များ မရှိသလို သန့်ရှင်း
မှုမှာလည်း အားနည်းနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပွင့်လင်းလာမ
ှုကြောင့် နိုင်ငံတကာမှ ကုမ္ပဏီများ၏ စိတ်ဝင်စ
ားမှုများ တိုးတက်လာပြီး စီးပွားရေးမြို
့တော် ရန်ကုန်တွင် စီးပွားရေး ရုံးခန်းမျ
ား ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်မှာ စတုရန်းပေ ၈ ဒ
သမ ၇ သန်း (စတုရန်းမီတာ ရှစ်သိန်း) လိုအပ်နေေ
ကြာင်း Yoma Strategic Holdings.Ltd ၏ ခန်
့မှန်းချက်အရ သိရသည်။
လက်ရှိ မြို့ပြရင်းနှီး တည်ဆောက်မှုများ ပြု
လုပ်နေသည့် ကုမ္ပဏီများကြောင့် ၂၀၁၅ ခုနှစ်အကု
န်တွင် ရန်ကုန်၌ ရုံးခန်းဧရိယာပေါင်း (စတုရ
န်းပေ ၁ ဒသမ ၉ သန်း) ရရှိလာမည် ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ရုံးခန်းဧရိယာေ
ပါင်းမှာ စတုရန်းပေ ခြောက်သိန်းသာရှိကြေ
ာင်း ပွဲစားကုမ္ပဏီ တစ်ခုဖြစ်သည့် Colliers
International UK Plc ၏ ခန့်မှန်းချက်အရ သိရ
သည်။
ယခုလက်ရှိ ဆောက်လုပ်သမျှသည်ပင် ချက်ချင်းတိုးပွာ
းလာနေသည့် လိုအပ်ချက်များကို ပြည့်မီနိုင်မည် မဟု
တ်ဘဲ လိုအပ်ချက် ပမာဏများစွာ ရှိနေဦးမည်ဖြ
စ်ကြောင်း စင်ကာပူနိုင်ငံတွင် အများပိုင် ကုမ
္ပဏီအဖြစ် စတော့အိတ်ချိန်း စာရင်းဝင်ထားသည့်
Yoma ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာက ပြော
ကြားသည်။
Eleven Media Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post