ဆူးလေတွင် တစ်ကိုယ်တော် ဆန္ဒပြမှု ထပ်ဖြစ်

သြဂုတ်လ ၃ ရက်နေ့က ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား များအား ၈.၈.၂၀၁၃ ရက်မှာ ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး တကိုယ်တော် အစာငတ်ခံ ဆန္ဒပြခဲ့စဉ် သက်ဆိုင်ရာမှ ခေါ်ဆောင်သွားသော ရန်အောင်မြေ ကျောင်းတိုက်မှ နာယကဆရာတော် ဘဒ္ဒန္တ ရက္ခ၀ံသ အား ထောက်ခံသည့်အနေဖြင့် ယခင်က လက်ပံတောင်း အရေးတွင် အကျဉ်းကျခံရဖူးသူ ကိုရာဇာ ခေါ် ထွန်းလင်းဦး မှ ယနေ့ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆူးလေဘုရား အနီးရှိ မြို့တော်ခန်းမရှေ့တွင်တစ်ကိုယ်တော် ဆန္ဒပြစဉ်။ (ဓါတ်ပုံ- ဟောင်ဆာ)
ငါးမိနစ်ခန့် ဆန္ဒပြပြီး သက်ဆိုင်ရာမှ ကျောက်တံတား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဆန္ဒပြသူ ကိုရာဇာ ခေါ် ထွန်းလင်းဦးအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

Mizzima - News in Burmese

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post