ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်တောင်းဆို


Friday, Augest 02, 2013
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူ
ဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေး
မူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေ
နံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်
းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး
ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သ
ည်။
ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြ
န်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ
တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တ
ွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်
းပြသည်။
“ရေနံချောင်းမြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသ
က်တွေ လွှမ်းခြုံစေချင်တဲ့ဆန္ဒနဲ့ တောင်းဆိုတ
ာပါ” ဟု ၎င်းကဆိုသည်။
ယင်းကိစ္စနှင့် ပက်သက်၍ ရေနံချောင်းမြို့နယ်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း
ဥက္ကဋ္ဌ ကိုဘိုဘိုလွင်ကလည်း ဗိုလ်ချုပ်လက်ရေးမူကို အေ
းချမ်းစွာ ပြန်လည် တောင်း ခံခြင်းဖြစ်ြ
ပီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ခြ
င်း မရှိပါက ကော်မတီနှင့်အတူ ကျောင်းသား၊ေ
ကျာင်းသူများလည်း ဆန္ဒဖော်ထုတ်မည်ဟု ပြော
ကားသည်။
ရေနံချောင်းမြို့ အထက (၁) ကျောင်း စာကြည့်
တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်
း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်
လ ၁၉ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့် ရေနံချောင်းမြို့သို့ ရော
က်ရှိစဉ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက်
၁၃ နှစ်သားအရွယ်တွင် ရေနံချောင်းအမျိုးသာ
း အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပည
ာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတ
ွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု
ကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တ
န်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူး
များဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်
တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည
်။ ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုး
သား အထက်တန်းကျောင်း ကို ရေနံချောင်းမြို့
ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအြ
ဖစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသ
ခံများက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။
မင်းမခ
The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post