ရန်ကုန် ၊ ၂-၈-၂၀၁၃
မြန်မာ့ ဆက်သွယ်ရေး က ယခုလ အတွင်း ချထားပေးသော တန်ဖိုးနည်း GSM ဆင်းကတ် များမှာ ကျေးလက်ဒေသ များတွင် ပွင့်လင်း မြင်သာမှု မရှိဘဲ ဆင်းကတ် ပြင်ပ ပေါက်ဈေးမှာ ငွေကျပ် တစ်သိန်းကျော် ရှိကြောင်း မကွေးတိုင်း ဒေသကြီး ရှိ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ကျေးလက်ဒေသ များမှ ဒေသခံများက ပြောကြား ခဲ့သည်။ " ကျွန်တော်တို့ ၃ ကြိမ် ပေးတာ တစ်ကြိမ်ပဲ မဲနှိုက် ရသေးတယ် ၊ အကြိမ်တိုင်းလည်း မှတ်ပုံတင် မိတ္တူ နဲ့ သန်းခေါင်း စာရင်း မိတ္တူ ပေးနေ ရတယ် .... " ဟု ပွင့်ဖြူမြို့နယ် မယ်တဲ ကျေးရွာအုပ်စု ရှိ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။
အချို့မြို့နယ် ရှိ ရပ်ကွက်များတွင် ယခင်ချထား ပေးသော WCDMA နှင့် CDMA တန်ဖိုးနည်း ဆင်းကတ် များကိုပင် မဲနှိုက် ပေးခြင်း မရှိကြောင်း သိရသည်။ နိုင်ငံတော် အနေဖြင့် ဒစ်ဂျစ်တယ် စနစ် ဖွံ့ဖြိုးရေး ကို လုပ်ဆောင် နေသော်လည်း ကျေးလက် ဒေသ အချို့မှာ ချထားပေးသော ဆင်းကတ် များကို ရရှိခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ဆင်းကတ်များမှာ ရန်ကုန်မြို့ တွင်ပင် ရန်ကုန် အမည်ပေါက် တန်ဖိုးနည်း ဆင်းကတ် ဈေးကွက် ဖြစ်ပေါ် နေပြီး GSM ဆင်းကတ် ဖြစ်ပါက ငွေကျပ် တစ်သိန်းတစ်သောင်း ခန့် ဈေးရှိပြီး CDMA နှင့် WCDMA ဆင်းကတ် များမှာ ငွေကျပ် ရှစ်သောင်းခန့် ရှိကြောင်း သိရှိရသည်။
Myawady News